« 14 »

2.1K 229 20
                                    

အိပ်ကောင်းကောင်းနဲ့ အိပ်နေသည်မှာနေတောင်
မြင့်နေလေပြီ။ ဆက်အိပ်ချင်သေးပေမယ့်လည်း
ကျောကလည်းအတော်ပူလှပြီ။ လေးတိလေးကန်
ခြေလှမ်းတို့နဲ့ အိပ်မှုန်စုံထားဖြစ်နေသော်မျက်လုံး
တို့ကိုပွတ်သပ်ကာရေချိုးခန်းဆီဝင်ခဲ့သည်။

မနက်စာစားဖို့မီးထို့ချောင်ဆီဝင်လာချိန်တော့
ဝတ်ဝတ်စားစားနဲ့ ပြင်ပြင်ဆင်ဆင် ၊ဆင်ယင်
ထားပုံကတစ်နေရာရာသွားဖို့ရှိသလိုမျိုး
မနက်စာကိုလည်း ခပ်သွက်သွက်သွတ်လို့
စားနေသည်။

" နိုးပြီလား ကင်မ်..."

" အွန်း...ငယ်ကသွားစရာရှိလို့လား
အစောကြီးကို "

ခုံမှဝင်ထိုင်လို့ပါမုန့်တစ်ချက်ကိုယိုသုတ်ပြီး
စားရင်းမေးတော့ ငယ့်မျက်နှာကမအီမသာနဲ့

" ဟုတ်တယ်...ဉက္ကဌကြီးဆီသွားမို့ရယ်
ဟိုလေ ကင်မ်...ဉက္ကဌကြီးကိုလေကင်မ်အခု
လုပ်ထားတဲ့ပရော့ဂျက်ကိုရောင်းဖို့
ပေးလိုက်လားဟင် "

" ဟင်! မပေးရပါဘူး..."

" ဒါဖြင့် သူကရောင်းမို့ဆိုပြီးဝယ်သူနဲ့တောင်
စကားပြောပြီးပြီတဲ့...ငယ့်ကိုလည်းဒီနေ့
လူတစ်ယောက်နဲ့ပေးတွေ့မယ်ပြောတယ်
အဲ့လူကကင်မ့်အစားငယ်နဲ့အလုပ်တွဲရမှာတဲ့ "

" ဘယ်လို! အလုပ်တွဲလုပ်ရမယ် "

ခပ်ကျယ်ကျယ်ထွက်လာသော ကင်မ့်
အသံကြောင်စားလက်စမနက်စာလေးတောင်
မဝင်တော့ပေ။

" ဒီလိုလုံးဝပေးမလုပ်နိုင်ဘူး ...
ကိုယ်ဒယ်ဒီ့ဆီသွားမှဖြစ်မယ် "

ပြောလည်းပြောဝုန်းကနဲ့ထရပ်၍ကင်မ်က
သွားဖို့ပြင်နေသည်။သူလည်းဆက်ကနဲထရပ်
လိုက်ကာကင်မ့်ကိုတာဖို့ပြင်တော့ ရှေ့ကသွား
နေသူကချင်ချင်းနောက်ကိုဆက်ကနဲ့လှည့်လို့
သူလက်မောင်းတွေကိုဆုပ်ကိုင်ထား၏။

" ငယ်ဘယ်မှမသွားရဘူးနော်...ကိုယ်ဘဲ
သွားမယ်...ဒီကိစ္စကဒယ်ဒီနဲ့ကိုယ်ဘဲရှင်းမှရမယ်
ငယ်ဘယ်သူနဲ့မှတွဲလုပ်စရာမလိုဘူး "

" ကင်မ်... စိတ်လိုက်မာန်ပါတွေမလုပ်ပါနဲ့
သွားချင်ရင် ငယ်လိုက်ပို့ပေးမှာပေါ့ "

𝗠𝘆 𝗣𝗲𝗿𝗳𝗲𝗰𝘁 𝗔𝗹𝗽𝗵𝗮 [ 𝙑𝙠𝙤𝙤𝙠 ]©✓Where stories live. Discover now