« 12 »

2.2K 228 48
                                    

တစ်ရက်တစ်ရက်နဲ့ တဖြေးဖြေးကုန်ဆုံးသွားသော
အချိန်တွေဟာအခုဆို ကင်မ်တောင်ကောင်းကောင်း
သက်သက်သာနေပြီ။ ဒဏ်ရာကချုပ်ရိုးတော့မဖြေ
ရသေးပါ။

" ရေချိုးချင်တယ်....."

ရေပတ်တိုင်ပေးဖို့ အင်္ကျီကြယ်သီးဖြုတ်ပေးနေတဲ့
သူလက်တွေရပ်တန့်သွားသည်။ဆေးရုံရောက်
ပြီးထဲကတစ်ခါခါဆိုကင်မ်ကတအားဂျစ်တိုက်သည်။
အခုလည်းကြည့် ချုပ်ရိုးမဖြေရသေးလို့ အနာထဲ
ရေဝင်ရင်တော်တော်နဲ့မပျောက်မှာစိုးတာကြောင့်
ရေပတ်ဘဲသုတ်ခိုင်းထားတာကို ရေချိုးချင်တယ်ဆိုပြီး
နှုတ်ခမ်းကြီးဆူပြီးရစ်နေပြန်သည်။

" ကင်မ့်အနာထဲရေဝင်သွားမှာစိုးလို့
မချိုးပေးတာလေ...မကြီးမငယ်နဲ့
နှုတ်ခမ်းကြီးဆူမထားနဲ့ လှတာလဲမဟုတ်ဘူးး"

ဆေးရုံအင်္ကျီကိုချွတ်လိုက်ကာရေပတ်တိုက်ပေးနေရင်း
ပြောတော့ကောင်းနေတဲ့လက်တစ်ဖက်ကခါးသွယ်သွယ်
ကိုဆွဲဖက်လျက် အနားကပ်စေပြီးမျက်နှာချင်းဆိုင်
အနေအထားမှာရီဝေဝေကြည့်၍

" လှတာမလှတာမသိဘူးကွာ...
ရေချိုးချင်တာဘဲသိတယ်...ရေချိုးချင်တယ်
ငယ်နဲ့အတူတူ..."

သူ့လည်ပင်းဆီမျက်နှာအပ်ကာနှာတံချွန်ချွန်
တို့ပွတ်သီးပွတ်သပ်လုပ်ရင်း နဂိုခပ်‌ဩဩအသံ
ကြီးအား အပျော့ဆုံးအနေအထားလုပ်ပြီး
သူနဲ့အတူတူရေချိုးချင်ပါတယ်ဆိုပြီးဗလုံးဗထွေး
ပြောလာတော့ရယ်ချင်သွားသလို ရှက်လည်းရှက်သည်။

" ဟာ...ကင်မ်ကဘာတွေပြောနေတာလဲ
နားရှက်စရာတွေ ... ဖယ်တော့ အပေါ်ပိုင်း
ဗလာနဲ့ အအေးပတ်လိမ့်မယ် "

" ပတ်ပါစေကွာ...ရေမချိုးရရင်မလွှတ်ဘူး "

ပြောရင်းဆိုရင်ဂျစ်ကန်ကန်နဲ့ ခါးကိုတိုးဖက်ထားသည့်
ကင့်မ်ဆီကအတင်းလည်းမရုန်းရဲအနာထိလို့နာ
သွားမှာလည်းစိုးရတယ်

" အဲ့လိုပြောမကောင်းဆိုမကောင်းမလုပ်နဲ့လေဗျာ
မလွှတ်ဘူးလား "

" မလွှတ်ဘူး "

" မလွှတ်ရင်မနက်ဖြန်ဆရာဝန်လာတော့
ပြောလိုက်မယ် လူမမာကကောင်းကောင်း
မသက်သာလို့ချုပ်ရိုးမဖြေပါနဲ့ဦးလို့ "

𝗠𝘆 𝗣𝗲𝗿𝗳𝗲𝗰𝘁 𝗔𝗹𝗽𝗵𝗮 [ 𝙑𝙠𝙤𝙤𝙠 ]©✓Where stories live. Discover now