« 8 »

3K 331 126
                                    

Unicode

ပူအိုက်အိုက်ခံစားချက်ကြီးကြောင့် လူနား
ကပ်နေတာကြီးကိုတွန်းဖယ်လိုက်မိတယ်။
နောက်ကနေသိမ်းကျုံးဖက်ခံထားရတာကြောင့်
ချုပ်ထားသလိုဖြစ်တော့မလှုပ်ယှက်နဲ့အကြာကြီး
မနေတတ်တော့

မျက်လုံးဖွင့်ရင်းနောက်လှည့်ကြည်တော့Kim
သူမျက်နှာတစ်ခုလုံးပူထူလာသည်။ ရုပ်ရှင်ရုံက
နေဘယ်ချိန်ကပြန်လာတာလဲ အသဲသန်စဉ်းစား
မိတော့အတွေးထဲဝင်လာတဲ့ ညနေကKimနဲ့သူ့ရဲ့
ကားပေါ်ကအဖြစ်အပျက် ရင်ထဲဒိန်းကနဲဖြစ်သွား
ကာ Kimဆီကမြန်ရုန်းထွက်ရင်း ရေချိုးခန်းထဲ
ဝင်သွားကာ အင်္ကျီရင်ဘတ်ကြယ်သီးအားဖြုတ်ပြီး
ကြည့်လိုက်တော့လည်ပင်းနဲ့ရင်ညွန့်ကနီရဲရဲအကွက်
လေးတွေကြောင့် မျက်လုံးပြူးမျက်ဆံပြာဖြစ်သွား
တယ်

"တ... တကယ်ကြီးဖြစ်ခဲ့တာလား"

ပါးစပ်လေးကလည်းမှန်ထဲကကိုယ့်ပုံရိပ်ကိုကြည့်
ကာမေးပြီးတာနဲ့ နောက်ကတင်ပါးလေးဆီ
လက်ကရောက်သွားပြီး သေချာစမ်းကြည့်နေသည်
အထိုင်အထလည်းလုပ်ကြည့်လိုက်သေး

" မနာဘူးဘဲ... တော်ပါသေးရဲ့"

ကိုယ်ဘာသာပြောရင်းစိတ်အေးနေရတဲ့Jungkook
တစ်ကယ်ဘဲအတူနေလိုက်ပြီထင်နေတာအခုမှဘဲ
ခံစားချက်ကြီးကလွှတ်လပ်သွားသလိုဘဲ....
ပြန်တွေကြည့်ရင် Kimနဲ့သာအတူနေပြီးပြီဆို
ကုတင်ပေါ်ကနေရေချိုးခန်းထဲထိလှစ်ကနဲ့
သူရောက်လာပါ့မလား နော့်... ပြီးတော့အထိုင်အထ
လုပ်ကြည့်မိတာကလည်း Mangaတွေအဖတ်လွန်
သွားတာ အဲ့ဒါတွေနည်းနည်းပါးပါးတော့သူနား
လည်ပါတယ်

အပျော်တစ်ပိုင်းလေးနဲ့ရေချိုးခန်းထဲကပြန်
ထွက်လာလိုက်သည် အချိန်ကြည့်တော့ရှစ်နာရီ
ကိုယ့်ကိုယ်ကိုပြန်ငုံကြည့်တော့ ညနေကအဝတ်
တောင်အခုထိမလဲရသေး ။

ဪငယ့်ရဲ့ကင်မ်ကအခုကြတော့လည်းအိပ်
နေတာ ထ‌တာတောင်မသိတော့ဘူး တော်တော်
ပင်ပန်းနေရှာတာ သေချာကြည့်မှာသူကစွပ်ကျယ်
အားပါးနဲ့ဘောင်ဘီတိုလဲထားပြီးပြီ

စိတ်ထဲမှာတော့အင်္ကျီမလဲပေးလို့အလိုမကျပေမယ့်
စည်းစောင်တဲ့အယ်ဖာကြီးရတော့လည်း ဂုဏ်ယူ
ချင်နေသလိုလို မထူးတော့ရေချိုးပါတစ်ခါတည်း
ချိုးလိုက်တော့မယ်။

𝗠𝘆 𝗣𝗲𝗿𝗳𝗲𝗰𝘁 𝗔𝗹𝗽𝗵𝗮 [ 𝙑𝙠𝙤𝙤𝙠 ]©✓Where stories live. Discover now