" ဒယ်ဒီ... ကမ်းခြေကဘယ်တော့သွားကြမှာလဲ "
" မနက်ဖြန်ကျရင်သွားကြမှာလေ သမီးရဲ့ "
နွေရာသီပိတ်ရက်ရှည်မို့ မနက်ဖြန်သူတို့မိသားစု
လေးယောက်လုံး ကမ်းခြေတစ်ခုကိုခရီးထွက်ဖို့
ပြင်နေသည်။ အခုသူနဲ့ငယ်ကားရေဆေးနေတာကို
သူတို့ပါကူးချင်ပါတယ်ဆိုပြီး ဂျီကနေလို့ကားရှေ့
အဖုံးပေါ်နှစ်ယောက်လုံးကိုတင်ပေးကာ ဖော့တုံး
တစ်တုံးဆီပေးလို့ကားမှန်ကိုတိုက်ခိုင်းထားရသည်။ထယ်ဂျွန်ကတော့ ပြောင်ချောနေပြီဖြစ်တဲ့ကားမှန်
ကြီးကိုတစ်ကျွီ့ကျွီ့မြည့်အောင်တိုက်နေပြီး ဖရဲသီး
လေးကတော့ သူမလုပ်ချင်တော့လို့စတင်ဂျီကြတော့မယ်" ဟင်...မနက်ဖြန်မှကိုခုတည်းက ဖေက ဒယ်ဒီ့
ကိုအလုပ်တွေခိုင်းနာပေါ့ "" အေးကွာ... ငါ့သမီးလေးပြောသလိုဘဲ
သမီး ဖေကတအားဒယ်ဒီ့ကိုအလုပ်တွေခိုင်းတာ "" ဟုတ်တယ်... မနေ့ကလည်း ဒယ်ဒီ့ကို
ပန်းကန်တွေဆေးခိုင်းတာ... သမီးကိုလည်း
အိမ်စာလေး သေးသေးလေး မပြီးတာကို
ဆူတယ် "" ဟာ...ဟုတ်လား၊ ဖေကတအားဆိုးတာဘဲ "
" ဟုတ်တယ် ဟုတ်တယ် "
နှာခေါင်းလေးရှုံ့ပြီးထောက်ခံနေသော
ဖရဲသီးနဲ့သူဒယ်ဒီက အတိုင်အဖောက်ညီလှသည်။
ဒါပေမယ့် ထယ်ဂျွန်ကသူ့ဖေကိုမကောင်းပြောနေတာ
တော့မခံနိုင်ပေါင်။" ဖေ့ရေ...ဒီမှာဒယ်ဒီကလေ ဖေ့ကိုတအားဆိုးတာဘဲတဲ့ "
ကားကူရှင်အောက်ကအမှိုက်တွေရှင်းနေရင်း
ထယ်ဂျွန် ကအော်တိုင်တော့ ကင်မ်ရော
ဖရဲသီးကလေးပါ မျက်လုံးလေးပြူးသွားသည်။သို့သော် ငယ်ကသူအာရုံနဲ့သူမို့ ထယ်ဂျွန်
ပြောတာကို မကြားလိုက်စူ့အလုပ်သာဆက်
လုပ်နေတော့ ဖရဲသီးလေးဆီကတစ်ခစ်ခစ်နဲ့
ထယ်ဂျွန့်ကိုလှောင်တဲ့အသံကလေးထွက်လာသည်။" ခစ်ခစ်... "
" မရယ်နဲ့ ! "
" ဖရဲ့သီးလေး ကိုကို့ကိုမစရဘူး..."
အသံဆာဆာနဲ့ထအော်တဲ့ထယ်ဂျွန်ကြောင့်
နှစ်ယောက်လုံး ရန်စဖြစ်တော့မှာသိတာမို့
ကြားကသူဘဲဝင်တားလိုက်ရသည်။