« 5 »

3.3K 342 117
                                    

Unicode

ခန်းမအတွင်းလူအနည်းငယ်နဲ့ ကျင်းပနေသော
လက်ထပ်ပွဲတစ်ခု ဘုန်းတော်ကြီးဖတ်ကြား
နေတဲ့ကျမ်းစာတွေကို လျစ်လျူရှုရင်း သူ့ရှေ့
ကငယ်ဆိုသောလူသားအား တမေ့‌တမော
ငေးလို့ကြည့်နေခဲ့သည်။

ငယ် ဟာဒီနေ့ဒီချိန်မှာတော့သူနဲ့ခြားနားစွာပြုံး
ပျော်နေခဲ့သည်။ အစစ်အမှန်မှဟုတ်ရဲ့လားငယ်
အပြုံးတွေရဲ့နောက်ကွယ် မမြင်နိုင်တဲ့စိတ်မှာ
ငယ်ဘာတွေတွေးနေမလဲ ... ဒီလိုလွယ်လွယ်
နဲ့ လက်ထပ်ပွဲအကျဉ်ချုံးကျင်းပတာကို
မာမီပြောတာနဲ့လက်ခံတဲ့ငယ့်ကြောင့်အံ့ဩသွား
ရသလို စိုလည်းစိုးရိမ်မိတယ်။

"သတို့သားKim Taehyungသည်
သတို့သား Jeon Jungkookအပေါ်
အေးအတူပူအမျှသေသည်ထိသစ္စာရှိရှိ
ပေါင်းဖက်နိုင်ပါသလားး"

"ပေါင်းဖက်နိုင်ပါတယ်"

အပြုံးတို့ဖြစ်ထွန်းနေတဲ့ငယ့် ရဲ့မျက်နှာ
ဖြူစင်ကြောင်းတွေသက်သေပြနေတ‌‌ဲ့
မျက်ဝန်းတွေကိုကြည့်ကာ သူအပြုံးကြီးပြုံး
၍ ထိုစကားကိုဆိုလိုက်သည်။

"သတိုသားJeon Jungkookသည်လည်း
သတိုသားKim Taehyungအပေါ်
အေးအတူပူအမျှ သေသည်အထိသစ္စာရှိရှိ
ပေါင်းဖက်နိုင်ပါသလား"

"ပေါင်းဖက်နိုင်ပါတယ်"

အပြုံးလှလှတို့ပန်ဆင်ထားသောကင်မ်ရဲ့နှုတ်ခမ်း
စိုးရိမ်ကြောင့်ကြမှုတွေရှိနေတဲ့
ကင်မ့်ရဲ့မျက်လုံးတွေကိုကြည့်ကမှန်သော
စကားကိုဆိုလိုက်သည်။အချစ်နဲ့စစ်မှာမတရား
တာမရှိဘူးလို့ကြားဖူးတယ်ကင်မ်...ကိုယ်ခံစား
ချက်ကိုဘဲဦးစားပေးမိလို့ ကင်မ်ကငယ့်ကိုမမုန်းလောက်ဖူးမလား...
'မုန်သွားလည်းဘာအရေးလဲ ငယ်ကချစ်နေရရင်
ကျေနပ်တယ်'

လက်ချင်းတွဲကာအပြုံးတွေနဲ့ပျော်နေပုံရ
သောနှစ်ဦးမှာမြင်ရတာကြည်နူးဖွယ်အတိ

" ဤမင်္ဂလာပွဲအားကန့်ကွက်တဲ့သူရှိပါသလား"

တိတ်ဆိတ်နေသောအခြေအနေမှာဘာသံမှာ
ထွက်မလာခဲ့

"ဒါဆို သတို့သားနှစ်ယောက် လက်စွပ်လဲပြီး
အကြင်နာပေးနိုင်ပါပြီ"

𝗠𝘆 𝗣𝗲𝗿𝗳𝗲𝗰𝘁 𝗔𝗹𝗽𝗵𝗮 [ 𝙑𝙠𝙤𝙤𝙠 ]©✓Where stories live. Discover now