« 13 »

2.1K 228 58
                                    

Unicode

မှိုင်ထွေငေးငိုင်လို့ တစ်လမ်းလုံးတိတ်တဆိတ်
လိုက်ပါလာတဲ့ ကင်မ့် ကိုသူ့မှာတော့အရိပ်
တကြည့်ကြည့်နဲ့လုပ်နေရသည်။ ကုမ္ပဏီကပြန်
ကတည်းကဘာတွေဖြစ်လာတယ်ကိုမသိ
ဆောက်တည်ရာမရဖြစ်နေတဲ့ ကင်မ့် ကိုကြည့်ကာ
သက်ပြင်းချမိတော့သည်။

"  ဗိုက်ဆာပြီလား ကင်မ် ...ငယ်ဘာလုပ်ပေးရမလဲ
ကင်မ်ကရောဘာစားချင်လဲ "

" ငယ် အဆင်ပြေတာဘဲကြည့်လုပ်လိုက်ပါ
ကိုယ်ကဘာဖြစ်ဖြစ်စားတယ် "

ဧည့်ခန်းကဆိုဖာပေါ်ထိုင်လို့ခေါင်းကိုနောက်လှန်ချရင်း
မျက်စိတွေမှိတ်ကာနေနေသောကင်မ့် အားမေးလိုက်သည်။

" အင်း "

အပိုအလိုစကားတွေဆက်မပြောတော့ အခန်းထဲ
ဝင်ကာသက်တောင့်သက်သာဖြစ်မယ့် အင်္ကျီတစ်ထည်
ဝင်လဲလို့ မီးဖိုချောင်ဆီ လာလိုက်တော့သည်။

' မင်းအခြေနေမင်းပိုသိမှာပေါ့ ' ဆိုသောစကားကို
အထပ်ထပ်ကြားယောင်တိုင်း ဒေါသတို့ကတစ်ဟုန်
ထိုးထွက်လာသည်။ ခေါင်းကိုဆက်ခနဲထောင်လို့
စိတ်ကိုအတတ်နိုင်ဆုံးလျှော့ထားပေမယ့် ဖြစ်လာ
သမျှကိစ္စက ချွန်းဘယ် ရဲ့ပယောဂမကင်းတာ
သိရင်ပိုလို့ဆိုးလာသည်။

" တောက်!!! "

တောက်တစ်ချက်ပြင်းပြင်းခေါက်၍ နားကြားထဲက
အရာအားဆွဲထုတ်၍ ရောက်လေရာကိုအားနဲ့ပစ်ပေါက်
လိုက်ကာ ဒုန်းဆိုင်းကျဲ၍ အပေါ်တက်ခါအခန်းထဲ
ဝင်ကာ ကုတင်ပေါ်လှဲနေလိုက်သည်။ မျက်စိနှစ်လုံး
ပွင့်နေလို့ဦးနှောက်ကအလုပ်လုပ်နေသေးသည့်ကာလ
ပတ်လုံး မငြိမ်ချမ်းနိုင်တော့မယ့် သူ့ကိုအနားပေးဖို့
လိုနေပြီလေ။
.
.
.
နေ့ခည်စာချက်ပြုတ်နေရင်းဖုန်းဝင်လာတာ
ကြောင့် လုပ်လက်စလေးတွေကိုခဏပစ်ထား
ပြီးဖုန်းကိုင်ကြည့်တော့

" ဟယ်လို  "

" ဂျောင်ဂု...နောက်အပတ်ကစအလုပ်ပြန်လုပ်ဖို့
ပြင်ထားပါ... မင်းနဲ့ ထယ်ယောင်း ဆွဲတဲ့
ပရော့ဂျက်ကို သူဌေးတစ်‌ယောက်ကသဘောကျလို့
ဝယ်ဖို့လုပ်နေတယ်...ငါနဲ့လည်းစကားပြောပြီးပြီ "

𝗠𝘆 𝗣𝗲𝗿𝗳𝗲𝗰𝘁 𝗔𝗹𝗽𝗵𝗮 [ 𝙑𝙠𝙤𝙤𝙠 ]©✓Where stories live. Discover now