« 3 »

3.4K 335 117
                                    

UNICODE

" ရောက်ပြီငယ်...."

ခေါင်းလေးငြိမ့်ပြရုံသာ လုပ်ပြီးခါးပတ်ဖြုတ်
ကာဆင်းမယ်လုပ်တဲ့သူ့လက်ကို
လှမ်းဆွဲထားတဲ့ ကင်မ်

" စိတ်ဆိုးသွားတာလား "

Taehyungမေးတာကိုပထမကတော့နားမလည်
သည့်ပုံစံလေးနဲ့ ကြည့်လာပြီးမှ သဘောပေါက်သွား
သည့်ဟန်ဖြင့်ခေါင်းလေးခါပြရင်း

" မဆိုးပါဘူး....Kimကသဘောထားကို
ပွင့်ပွင့်လင်းလင်းပြောပြတာကို ငယ်က
စိတ်ဆိုးစရာလား "

စိတ်ဆိုးပိုင်ခွင့်ရောရှိပါဦးမလား...မချစ်နိုင်
ပါဘူးဆိုတဲ့လူကို ကိုယ့်ကိုပြန်မချစ်တာကို
စိတ်ဆိုးခွင့်မှမရှိတာ...မချစ်နိုင်တဲ့သူကိုဘဲ
ကိုယ်ကချစ်နေမိလို့ ရူးရူးမိုက်မိုက်နဲ့ အပိုင်
လိုချင်ခဲ့တာလေ..."မချစ်နိုင်ပေမယ့်ကြင်နာ
နိုင်ပါတယ်..."ဆိုတဲ့စကားနဲ့တင်‌ကျေနပ်ပြီမို့
ဒီတိုင်း တိတ်တိတ်လေးဘဲနေလိုက်တော့မယ်
Kim...

သူကိုင်ထားတဲ့ လက်လေးကိုအသာရုန်းကာ
ကားပေါ်ကဆင်းသွားတဲ့ ငယ်....သက်ပြင်း
လေးချကာသူလည်းကားပေါ်ကဆင်းလာလိုက်သည်။

"လာလေ ဝင်ကြမယ်"

ငယ့် လက်ကလေးဆွဲကာအတူဝင်ရင်းမာမီ့
ကိုလိုက်ရှာမိသည်။‌ Jungkookတစ်
ယောက်‌ကတော့ဆိုင်ကြီးဆိုင်ကောင်းကြီး
ထဲရောက်ကတည်းကဟိုငေးဒီငေးနဲ့ဆိုင်က
လူအများကြီးမရှိပေမယ့် အနည်းကြီးလည်း
မဟုတ်တော့ တစ်ချို့လူတွေ ကကြာကြာထိန်း
ထားရင် အန္တရာယ်ဖြစ်နိုင်တဲ့Pheromones
တွေထုတ်ထားပုံရတယ် ခပ်ပြင်းပြင်းအနံတွေ
ရနေတော့ နေရာတာအဆင်မပြေဖြစ်နေသည်။

" မာမီ..."

Taehyungခေါ်လိုက်တာနဲ့ customer
ကိုပစ္စည်းတွေပြနေတဲ့သူ့အမေလှည့်ကြည့်လာပြီး
Jungkookပါလာတာမြင်မှ

" သား...ဪ Jungkookလည်းပါတာလား
မာမီကမလာတော့ဘူးတောင်ထင်နေတာ...
လာ ဒီဘက်မှာမာမီမှာထားပေးတာသားတို့
တွက် ကြိုက်တာယူလို့ရတယ်"

Taehyungအမေခေါ်ရာဘက်ကိုသွားမယ်
လုပ်တော့ သူ့လက်မောင်းကိုခပ်တင်းတင်းလေး
လက်တစ်ဖက်ကို ကိုင်ရင်းအနားကပ်လိုက်လာသည့်
Jungkookမျက်နှာကုိလှည့်ကြည့်တော့
မအီမသာနဲ့

𝗠𝘆 𝗣𝗲𝗿𝗳𝗲𝗰𝘁 𝗔𝗹𝗽𝗵𝗮 [ 𝙑𝙠𝙤𝙤𝙠 ]©✓Where stories live. Discover now