« 9 »

3.3K 335 168
                                    

လစ်ဟာနေတဲ့ အိပ်ယာလေးတစ်ဖက်က
Kimမရှိကြောင်းသက်သေပြနေသည်။
ဘယ်ကိုများသွားနေတာပါလိမ့်။ လူးလှိမ့်
နေသောအိပ်ယာပေါ်က ထကာရေချိုးခန်း
ထဲဝင်၍မျက်နှာသစ်လိုက်သည်။

မျက်နှာသစ်ဖို့ကိုမှန်ရှေ့ရပ်ကာ အကြာကြီးစဉ်းစား
နေမိတယ် ပေါက်နေတဲ့အောက်နှုတ်ခမ်းလေးက
စပ်ဖျင်းျဖင်းလေးဖြစ်‌နေရာလေးအားထိရင်း
လွန်ခဲ့သောညကအဖြစ်ပျက်လေးကိုသတိရလာသည်။
အဲ့လိုကျတော့လည်း ရခဲသောကင်မ့်အနမ်းလေးရှိရာ
သူ့နှုတ်ခမ်းလေးကို သွားတိုက်ပေးဖို့မပြောနဲ့
‌ပါးလုပ်တောင်မကျင်းချင်တော့ဘူး

ထိန်းချုပ်ရခက်နေတဲ့စိတ်ကြောင့် တောင်းဆိုခဲ့
တဲ့ကင်မ်... Pheromonesတွေကြောင့်သာ
စိတ်ပါနေပေမယ့် ထိုအနမ်းချိုချိုတွေကိုမက်မော
သေးသည်။ တစ်ကယ်ဆိုသူကင်မ်နဲ့ လက်ထပ်ပြီး
တည်းက သူဆေးတွေဆောင်မထားတော့ပါ
သူနဲ့ကင်မ်က လက်ထပ်ပြီးပြီဆိုတဲ့အသိနဲ့အရာအား
လုံးကိုပေးဆပ်မျှဝေဖို့စဉ်းစားခဲ့တာ တစ်ကယ်တမ်း
မှာတော့ အဆင်သင့်မဖြစ်သေး။ ကင်မ်ကလည်း
သူ့အပေါ်မှာစောင့်ထိန်းလွန်းနေတော့ အခက်တွေ့
ပြန်တယ်။ ကိုယ်ကသူနဲ့လက်ထပ်ထားတဲ့
လူတစ်ယောက် ဆိုတာရောခေါင်းထဲမှာ
ရှိသေးရဲ့လားကင်မ်.... ကိုယ်ကသာရက်ရောနေရ
တာ သူကတော့အူကြောင်ကြောင်နဲ့ ဒီကဆန္ဒတွေ
ကိုသိက္ခာနဲ့ထိန်းရတာ မောလှပါပြီ ကင်မ်ရယ်

တစ်နေ့တစ်နေ့ ကင်မ့်ကြောင်ရင်မောနေရသော
ဂျောင်ကုကီလေးတစ်ယောက်အချိန်တိုင်းသက်ပြင်း
တစ်ချချဖြစ်နေရသည်။ ခေါင်းလေးခါလိုက်ကာ
သွားပွတ်တံပေါ်သွားတိုက်ဆေးထည့်ရင်း ကင်မ့်
ကိုအားမရတဲ့စိတ်တွေနဲ့အနမ်းပေးထားတဲ့နှုတ်ခမ်းပါး
လေးထဲကသွားညီညီလေးတွေကို စိတ်ရှိတိုင်းပြုမူ
နေတော့တယ်။

"နိုးပြီလားငယ်...."

ရေချိုးခန်းထဲကနေ ကင်မ့်အပေါ် မကျေနပ်ချက်
တွေဖြစ်ရင်းထွက်လာတုန်း နိုးပြီးလားလို့မေးလာတဲ့
ကင်မ့် အသံကြောင့်လူကတုန်သွားတယ်။

"နိုးပြိ.... ကင်မ်ကဘယ်သွားတာလဲ
မနက်စာသွားစားတာလား"

ဟုတ်တယ်မေးရမယ်... ကိုယ့်စိတ်ထဲထင်နေ
တာကတော့ဒီလိုဘဲ.... မနက်အစောကြီး
သွားမှတော့ မနက်စာသွားစားတာဘဲနေမှာ
တစ်ခါတလေအိပ်ယာထနောက်ကျတာလေးကို
မစောင့်နိုင်ဘဲထားခဲ့တဲ့လူဆိုးကောင်အယ်လ်ဖာကြီး
အခုကျသူဘဲစားပြီးပြန်လာတယ်ပေါ့ ညတုန်းကကျ
အဲ့လိုမဟုတ်ဘူး တစ်ခါတည်းပါ...မဝသေးလိုနဲ့
နှုတ်ခမ်းတောင်ပေါက်တယ် သူ့ကြောင့်အိပ်ရေး
ပျက်ရပြီး အခုကျသူဘဲပစ်သွားတယ်

𝗠𝘆 𝗣𝗲𝗿𝗳𝗲𝗰𝘁 𝗔𝗹𝗽𝗵𝗮 [ 𝙑𝙠𝙤𝙤𝙠 ]©✓حيث تعيش القصص. اكتشف الآن