« 10 »

3.3K 291 73
                                    

unicode

သုံးနာရီကျော်ကြာလောက် သွားရတဲ့ခရီး
ချိန်တွင်းသူ ညလေယာဉ်ချိန်အမှီ ဆိုလ်းကို
အမြန်ပြန်လာနေရသည်။ ကားကလည်းပိတ်
တာကြောင့်အချိန်ကထင်တာထက်ပိုကြာနေ
တော့သည်။

အမြန်နှုန်းတစ်ခုနဲ့မောင်းလာနေတဲ့ ကားလေးကို
ကြည့်ရင် တအားကိုလောနေသလို သတ်မှတ်
ထားတဲ့ယာဉ်မောင်းအရှိန်ထက်အနည်းငယ်သာ
လျော့လို့ သူမနားတန်းမောင်းနေတုန်းဖုန်းက
ဝင်လာသည်။

ဒက်ရှ်ဘုတ်ပေါ်တင်ထားတဲ့ဖုန်းကိုယူကြည့်ပြန်
တော့ မျှော်နေရသူဖုန်းမဟုတ်ပေမယ့်လည်း
အမေဖြစ်သူဆီကဖြစ်နေပြန်သည်။

" ဟယ်လို... မာမီ "

" သား... ပြန်လာနေပြီလား "

" လာနေပြီ ... ဘာဖြစ်လို့လဲမာမီရဲ့ "

" ဘာမှမဖြစ်ပါဘူးကွယ်... သားပြန်လာတာနဲ့
ဂျောင်ဂုလေးဆီသွားလို့ရအောင် မာမီ
အထုပ်တွေပြင်ပေးထားတယ်ပြောမလို့ပါတော် ... "

သူလည်းဘာမှမပြောပါဘဲ သိနေသောမာမီ့ကြောင့်
အံ့အားသင့်သွားရသည်။

" အခုမာမီကကျွန်တော်တို့အိမ်မှာလား "

"‌ အေးပေါ့ "

အိမ်မှာကအိမ်တော်ထိန်းဦးလေးကြီးကျန်ခဲ့သည်မို့
အိမ်ကိုစိတ်ချလက်ချထားကာသူဒယ်ဂူကိုလာခြင်းဖြစ်
သည်။ မာမီကဘယ်ကနေသိပြီးဘယ်လိုအိမ်ထိရောက်
သွားတာရတာလဲ မဟုတ်မှအတွင်းရေးမှူးဂျန်ဆီကများလား

" မာမီက ဘယ်လိုသိတာလဲ "

" အတွင်းရေးမှူးဂျန်ဆီကလေ... မနက်ကဘဲ
ဘတ်ချက် ချပေးတဲ့ပစ္စည်းတွေခိုးရောင်းတယ်
ဆိုတဲ့သတင်းကြားလို့ သားကအဲ့ကိုသွားတယ်
ဆိုတော့ မာမီမေးကြည့်တာနဲ့သိတာ "

ထင်သည့်အတိုင်းဘဲ အတွင်းရေးမှူးဂျန်
လောက်ထောက်ချတာဖြစ်သည်။

" ထားလိုက်ပါ မာမီရယ်... ပြန်ရောက်တော့မှာဘဲကို
ကိုယ့်ဘာသာထည့်သွားပါ့မယ် အကြာကြီးမှမဟုတ်တာ "

" အကြာကြီးမဟုတ်လို့ဘဲ မိုးချုပ်လုတော့မယ်
ဘယ်ချိန်ထည့်ပြီး ဘယ်ချိန်သွားမလဲ၊ အခုလည်း
ကားကို ကိုယ့်ဘာသာမောင်းလာတာဆို...
ဂရုစိုက်မောင်းဦး "

𝗠𝘆 𝗣𝗲𝗿𝗳𝗲𝗰𝘁 𝗔𝗹𝗽𝗵𝗮 [ 𝙑𝙠𝙤𝙤𝙠 ]©✓Where stories live. Discover now