« 16 »

2.3K 198 13
                                    


" ဟူး!... "

ပုံကြမ်းလေးအပြီးသတ်ပြီးမှဟင်းလုံးချကာ
အိပ်ယာ‌ေပါ်ပစ်လှဲပစ်လိုက်သည်။တစ်ချက်ချက်
မြည်နေသောနာရီကိုကြည့်မိတော့ 8နာရီတောင်
ရှိလေပြီ။

ဟိုတစ်ခါအိမ်မှာသောင်းကျန်းပြီးကတည်းက
ကင်မ်ဟာအရင်လိုမဟုတ် ခပ်တည်တည်
ခပ်တန်းတန်းနဲ့နေနေသည်။ ရုတ်တရက်ကြီး
ဟိုတယ်ကိစ္စလည်းသူဆက်မလုပ်တော့ဘူးပြောတယ်
ပြီးတော့ သူ့မာမီဖွင့်ထားတဲ့ ရတနာဆိုင်ခွဲကိုဘဲ
သူကဦးစီးမယ်တဲ့

လွန်ခဲ့တဲ့သုံးရက်ကတည်းကသူနားမလည်တာတွေရှိလို့
သေချာလေ့လာဖို့လိုပါတယ်ဆိုပြီး တ‌စ်နေ့လုံးထို
ဆိုင်မှာနေသည်က ညဉ့်နက်မှပြန်လာတတ်သည်။

အခုရက်ပိုင်းကင်မ်ကလည်းမရှိမှသူကလည်း
Heat cycle ဖြစ်ချင်စနေသလိုဖြစ်တာကြောင့်
အလုပ်ကလည်းအဆင်မပြေပါ။ အခုလည်း
သူနဲ့ချွန်းဘယ်လက်တွဲလုပ်နေသောလုပ်လက်စလေး
ကိုမနည်းကြိုးစား၍ အပြီးသတ်ရသည်။

ဆေးကလည်းမရှိတော့တာထက်သူမဆောင်ထား
တော့တာ... အခုတော့အခက်တွေ့လေပြီ။
ကင်မ့်ရဲ့ hormonesနံ့တွေစွဲထင်နေသော
ခေါင်းဦးကိုမျက်နှာအပ်ကာခပ်တင်းတင်းဖက်ထား
သော်လည်း သူမရောင့်ရဲနိုင် စောင်ကိုလည်း
လုံးထွေးပြီးတစ်ကိုယ်လုံးလုံအောင်ခြုံထားသောလည်း
မတင်းတိမ်နိုင်သေး။

" အင့်ဟယ် "

ဘယ်လိုမှမရောင့်ရဲနိုင်တဲ့အဆုံး စိတ်ရှုပ်ကာ
စောင်တွေရောခေါင်းအုံးတွေပါကန်ချပစ်လိုက်သည်။
ဒီလောက်တောင်ဖြစ်ရလားဆိုသည့်စိတ်နဲ့
ဆောင့်အောင့်ကာကုတင်ပေါ်ကဆင်းလို့အဝတ်ဗီရို
ကိုဆွဲဖွင့်ပစ်လိုက်သည်။

သိုသော်လည်း သူလိုချင်နေသောAlpha၏
hormone နံ့အစားမီးပူတိုက်ထားသည့်အဝတ်
တွေက ခပ်သင်းသင်းအမွှေးဆီနံ့တွေသာရှိနေတာ
ကြောင့် နှာခေါင်းရှုံ့ကာပြန်ပိတ်ပစ်လိုက်သည်။

ထိုအချိန်မှာအာရုံထဲရောက်လာသည်ကအခန်း
ထောင့်နားကအဝတ်ခြင်းကလေးသာ အနားကို
ပြေးသွား၍ ထိုခြင်းထဲကအဝတ်တွေကိုဆွဲထုတ်ရင်း
သူရဲ့အင်္ကျီကိုချွတ်ပစ်၍ကင်မ့်ရဲ့ ဟော်မုန်းနံ့စွဲနေသော အင်္ကျီတစ်ထည်ကိုကိုယူဝတ်လိုက်သည်။
နောက်တစ်ထည်ကိုယူ၍ ကုတက်ပေါ်ပြန်တက်ကာ
ခေါင်ဦးမှာဖြန့်တင်လိုက်ရင်း အားရပါးရဖက်
အိပ်ပစ်သည်။ အဲ့တော့မှဘဲနေသာထိုင်သာရှိသလို
ဖြစ်သွား၏။

𝗠𝘆 𝗣𝗲𝗿𝗳𝗲𝗰𝘁 𝗔𝗹𝗽𝗵𝗮 [ 𝙑𝙠𝙤𝙤𝙠 ]©✓Där berättelser lever. Upptäck nu