« 7 »

3.1K 336 59
                                    

Unicode

"တစ်ခုခုအရင်ဝင်စားကြမလား Kim..."

တက်ကြွကာပြောဆိုလာတဲ့ငယ့်စကားကို
လက်ခံလိုက်သည်။သူလည်းဆာနေသည်မလား
ကားအပြင်ဘက်ကိုငေးမောရင်လိုက်ပါလာသော
ငယ့်ကို အရိပ်တကြည့်ကြည့်လုပ်နေမိတယ်
နေပါငယ်ဒီနေ့မှထူးခြားတာ ခပ်ရှည်ရှည်ဆံပင်
ကောက်ကောက်လေးကိုစုစီးထားတော့ပိုလှနေသလို

မီးပွိုင့်တနေရာကားရပ်တော့မှာ ဆံပင်လေးစီး
ထားတယ်ငယ့်ရဲ့‌ဘေးတစောင်ူမျက်နှာဖွေးဖွေးတို့က
မေးရိုးထင်းထင်းလေးနဲ့ ဖြစ်နေတာကိုတမေ့တမောနဲ့
ငေးကြည့်နေမိတုန်း သူ့ဘက်လှည့်လာသောငယ့်
မျက်ဝန်တို့နဲ့စုံသည်။

သူစုိက်ကြည့်နေတာသိတော့ မျက်နှာလေးရဲလျက်
သူကိုယ်သူပြန်ငုံကြည့်သည်။ အူကြောင်ကြောင်
လေးနဲ့ရှေ့နောက်ဘေးဘီဘီလှည့်ပတ်ကြည်နေသော
ကောင်လေးကြောင့်မရယ်ဘဲမနေနိုင် သူ့ရယ်သံ
ကြားမှသတိဝင်ကာ လှည့်ကြည့်ရင်းမရဲတရဲလေး
မေးတော့

"ဘာဖြစ်လို့လဲKim....ကြည့်ရဆိုးနေလိုလား
ငယ်က..."

" မဟုတ်ရပါဘူး...ငယ်ကဒီနေ့မှဆံပင်လေးစီး
ထားတော့ ကိုယ်ကကြည့်နေတာ"

ထိုအခါမှစုစီးထားတဲ့ဆံပင်လေးကိုကိုင်ရင်း
ရှက်ကိုးရှင်ကန်း သွားဖြဲပြတဲ့ပုံလေးက
အသဲယားစရာ အဖြူစင်ဆုံးရယ်ပြနေသော
ကလေးတစ်ယောက်အပြုံးတွေလိုတောက်ပနေပြန်သည်။

"ဟီး....အဲ့ဒါကလေ ဘာရယ်မဟုတ်ဘူး
ဆံပင်ရှည်နေတော့စီးထားလိုက်တာ...
ဂျယ်ဂျူကပြန်လာမှ ညှပ်ရမယ်"

ရှည်ရှည်ကောက်ကောက်ဆံပင်လေးကိုညှပ်
ပစ်မယ်ပြောနေသည့်ငယ့်စကားကြောင့်အလိုမကျ
မျက်မှောင်လေးကြုတ်ရင်းသဘောမတူကြောင်း
ပြောလိုက်သည်။ ဒီလုိချစ်စရာကြက်တောင်
စီးလေးနဲ့ ငယ့်ကိုမြင်ချင်သေးတာကြောင့်

"ဟင့်အင်း...မညှပ်နဲ့ ဆံပင်ရှည်လေးကိုအဲ့လို
စုစီးထားရင်...ငယ်ကလှတယ်"

သူပြောမှပိုပြီးမျက်နှာ‌တွေရဲလာတဲ့ငယ့်ကိုပိုပြီး
စချင်လာသည်။တစက်ယ်ဆိုသူလည်းဒီဆံရှည်
လေးကိုမညှပ်ချင်ပါဘူး မျက်စိရှုပ်ပေမယ့်လည်း
Kimမေးလာတော့မကြိုက်ဘူးထင်ပြီးပြေလိုက်
တာ Kimက လှတယ်တဲ့လေ။

𝗠𝘆 𝗣𝗲𝗿𝗳𝗲𝗰𝘁 𝗔𝗹𝗽𝗵𝗮 [ 𝙑𝙠𝙤𝙤𝙠 ]©✓Where stories live. Discover now