EXTRA 2

2.2K 142 14
                                    

" ငယ်ဘာစားချင်လဲ ကိုယ်မှာ‌ပေးခဲ့မယ်လေ "

ကုတင်ပေါ်ကွေးနေသောသူကိုမေးတော့အသံမလာ
ဝတ်လက်စအင်္ကျီကိုအမြန်စွတ်လို့ ငယ့်ကိုလှည့်ကြည့်
တော့အိပ်ပျော်နေလေပြီ။ ဒါကြောင့်နှိုးမနေတော့ဘဲ
သူကြိုက်တတ်တာလေးဘဲမှာထားပေးလိုက်ကာကလေး
တွေခေါ်ဖို့ထွက်လာလိုက်သည်။

" ဟာ...ဟိုမှာဒယ်ဒီလာတယ် ! "

ကစားနေရင်းသူ့ကိုမြင်တော့ ဖရဲသီးလေးက
ဦးစွာအော်ပြီးပြေးလာသည်။

" အရမ်းမပြေးလာရဘူးလေ ချော်လဲကုန်မှာပေါ့
သမီးရဲ့ "

ပြေးလာသောဖရဲသီလေးအားချီလိုက်ရင်း
ပြောလိုက်သည်။ ထယ်ဂျွန့်လက်ကိုလည်းသူ
ဆွဲထားလိုက်ကာ

" ဒယ်ဒီ ...ဖေရောဟင် ပါမလာဘူးလား "

သူ့ဖေကိုမျက်စိအောက်ကအပျောက်မခံသော
ထယ်ဂျွန်က မေးတော့ခေါင်းလုံးလမးကလေးကို
ဆွဲဖွ၍

" ဖေကပင်ပန်းလို့အိပ်နေတယ်... "

" ဖေကညဈေးတန်းသွားကြမယ်ပြောထားတာ
အခုကျအိပ်နေတယ် "

ဖရဲသီးလေးက မျက်နှာငယ်လေးနဲ့ပြောတော့

" ဒယ်ဒီလိုက်ပို့မှာပေါ့...အခုသွားမှာမလား "

" ဟင့်အင်း... ဖေနဲ့မှတူတူသွားကြမယ်လေ
အခုသွားရင် ဖေတစ်ယောက်တည်းကျန်ခဲ့ပြီး
ငိုနေရင်ဘယ်လိုလုပ်မလဲ "

ထယ်ဂျွန့်စကားကြောင့် သူသဘောတကျရယ်မိသွားသည်။
သူ့ဖေဆိုသိပ်သိတတ်တဲ့ကလေးလေး။ သူ့လက်ပေါ်
ကဖရဲသီးလေးကတော့ ထယ်ဂျွန့်စကားကြောင့်ရှူးရှူးရှဲရှဲ
ဖြစ်နေရပြီ။

" ကဲ...ဒါဆိုလည်းအခန်းကိုပြန်ကျမယ်
မနက်ဖြန်မှ ဒယ်ဒီတို့တူတူသွားကြမယ်
ဟုတ်ပြီလား "

" ဟုတ်ကဲ့ ! "

မျက်နှာလေးဝင်းခနဲဖြစ်သွားတဲ့ထယ်ဂျွန်က
အသံကလေးဆာ၍အော်ပြီးထောက်ခံသည်။
ဖရဲသီလေးမှာတော့

" မဟုတ်ဖူး! မဟုတ်ဖူး! အခုသွားမှာလို့
အီးဟီး....အခုလို့ "

သူ့လက်ပေါ်ကရုန်းကန်ကာအော်ဟစ်ငိုယိုရင်း
ဂျီကျ‌လာသော ဖရဲသီကလေးကို သူလည်း
ဟိုပြောဒီပြောနဲ့ချော့ခေါ်လာခဲ့ရသည်။

𝗠𝘆 𝗣𝗲𝗿𝗳𝗲𝗰𝘁 𝗔𝗹𝗽𝗵𝗮 [ 𝙑𝙠𝙤𝙤𝙠 ]©✓Where stories live. Discover now