Arc1-2

4K 399 0
                                    

"ကိုကို...ကိုကို!!!"

ရုတ်တရက်ကိုကို!!ဟူသောအသံကြောင့်မိမိတွေးနေရာမှရပ်လိုက်ကာ..အသံလာရာဆီကြည့်လိုက်တော့ရွှေအိုရောင်ဆံနွယ်တွေကိုအမြင့်စီးထားပြီးတော့ပန်းဆီရောင်နှုတ်ခမ်းလေးကချစ်စရာအသွင်ကိုဆောင်နေသည်....ထိုထဲမှအညိုရောင်မျက်ဝန်းလေးကလဲဖြူစင်မှုကိုပြနေလေသယောင်..
ထိုကောင်မလေး၏ပါးစပ်မှကိုကိုဟူသောအသံထပ်ထွက်လာမှမိမိအာရုံတို့ကသူ့ဆီပြန်ရောက်သွားသည်...

မိမိအထင်မမှားရင်ယခုခန္ဓာကိုယ်ပိုင်ရှင်၏ညီမပင်ဖြစ်ပေလိမ့်မယ်...
ဇာတ်လိုက်မပီသပါပေသည်...ဖြူစင်သောအညိုရောင်မျက်ဝန်းလေးကလူတကာကိုဆွဲဆောင်နေသယောင်...ထို့ပြင်နှင်းဆီဖူးနှုတ်ခမ်းလေးကလည်းပုရိသတို့အတွက်အသက်ရှူပင်မှားလောက်သည်...သူမသည်မိမိညီမသာမဟုတ်လျှင်....😈😈

[Host...ဒါကဘာအတွေးလဲသိနေတယ်နော်..]

ရုပ်လေးနဲ့မှမလိုက်ဘူးလွန်းသောhostကြောင့်ခေါင်းပင်ကြီးချင်လာသည်...မိမိသတိပေးမှနဂိုအတွေးကိုပြောင်းသွားသောhost😐😐

ဒါတောင်ပြောသေး..သူကရိုးသားပါသည်တဲ့...

Deရဲ့စကားကြောင့်မိမိရဲ့အပျော်လေးပျက်သွားရသည်...ဇာတ်လိုက်မရဲ့အရှိန်အဝါကြောင်ဆြွဲဆောင်မှုရှိနေသော်လည်းယခုသူမကမိမိ၏ညီမပင်မဟုတ်လားကိုယ့်ညီမကိုတော့ကိုယ်ပြန်ပြီးကြာကူလီမလုပ်ပါဘူးနော်..ငါလေးကရိုးသားသည်ကို😎

"ဘာလာလုပ်တာလဲSani...ဒီနေရာကမိန်းကလေးတွေအတွက်နေရာမဟုတ်ဘူးဆိုတာမသိဘူးလား"

"Saniက..ကိုကို့ကိုစိတ်ပူလို့ပါ...ပြီးတော့ဒီကိစ္စက."

"တော်တော့!!!!..ဒါကငါကိစ္စငါရှင်းနိုင်တယ်မင်းသိဖို့ကဒီကိစ္စကမင်းနဲ့လုံးဝမသက်ဆိုင်ဘူးဆိုတာပဲ."

မိမိသိပါသည်....ဒါကကိုကိုမိမိကိုဒုက္ခမရောက်အောင်ကူညီပေးမှန်းဒါပေမဲ့သူသည်ဒီမှော်တိုင်းပြည်ကြီးရဲ့အရှင်သခင်တစ်ယောက်..ဒီလိုလူမိမိကြောင့်အစစ်ခံနေရကာ...ငရဲကဲ့သို့သောဒီလိုဆင်းရဲဒုက္ခများတဲ့သားရဲဂူမှာထိန်းသိမ်းခံထားရလေတယ်မဟုတ်လား...သားရဲဂူဆိုတာကအန္တရာယ်အရှိဆုံးသောအပြစ်ကြီးတဲ့အပြစ်သားတွေအတွက်ထိန်းသိမ်းတဲ့နေရာ...ကိုကိုသည်မိမိ၏ဖခင်ဆိုလဲဟုတ်ပေသည်..မိခင်ဟုဆိုပြန်လဲမမှားနိုင်..ငယ်ငယ်ကဖေဖေတို့မေမေတို့ဆုံးပြီးတည်းကကိုကိုကပဲစောင့်ရှောက်လာရသည်...အဖေရောအမေရောမမြက်ဖူးလိုက်သည့်ညီမလေးအတွက်အားမငယ်အောင်ကိုကိုပဲလိုလေသေးမရှိအောင်စောင့်ရှောက်လာသည်....မိမိအပေါ်တွင်ကိုကို့မေတ္တာဟာအလွန်ကြီးမားလေတယ်...တစ်နေ့တော့ကိုကို့ကိုမိမိကျေးဇူးပြန်ဆပ်နိုင်ရမည်...ဒါသည်မိမိ၏ခံယူချက်ပေ...။

Devil system (Unicode)Where stories live. Discover now