Arc1-7

2.5K 285 6
                                    

ယနေ့ကိုကိုလဲ...ဟိုလူသားကောင်လေးကြောင့်အာရုံနောက်၍ဒိနေ့တော့Adamကိုမသင်ပေးတာကိုပြောရန်Adamအခန်းသို့ထွက်လာလိုက်သည်.......

ဒီနေ့ကိုကိုမသင်ဘူးဆိုတော့...တစ်နေကုန်Adamအနားတွင်နေရမည်.......။

ချစ်သူစဖြစ်ကတည်းကအေးအေးဆေးဆေးနှစ်ယောက်ထဲနေရမည့်အချိန်ကပိုလို့တောင်ရှိမလာတော့ချေ........။

အဓိကကတော့Adamသည်ခေါင်းဆောင်ရာထူးရသွား၍ဖြစ်သည်....တစ်ခါတစ်လေမိမိအစ်ကိုအားစိတ်တို့လွန်းသည်....သူ့ဘာသာအေးဆေးခေါင်းဆောင်နေရာမှာမနေပဲမိမိချစ်သူလေးကိုရာထူးအကြီးတွေကိုပေးပြီး.....တာဝန်ယူခိုင်းတယ်...ဟွန့်.....။

ထိုသို့တွေးမိပြန်တော့လည်း....မိမိအစ်ကိုသည်ငယ်ငယ်လေးကတည်းကမိမိကိုထိန်းရတာဝန်ကြီးတွေကိုလုပ်ရနဲ့ပင်ပန်းလွန်းလှ၍သနားစိတ်ကဝင်မိပြန်ကော........။

အတွေးနှင့်လျှောက်လှမ်းလာတုန်း....တွေ့လိုက်ရသောသူကြောင့်ဒေါသထွက်လာလေသည်.......။

ထိုသူမှာအခြားလူမဟုတ်....Orchat!!!!

" နင်ဘာလာရှုပ်ပြန်ပြီလဲOrchat..!??"

" မရှုပ်ရပါဘူး...ကိုယ်ကမင်းကိုတွေ့ချင်လွန်းလို့တကူးတကလာစောင့်နေတာ...ဟက်...ဒီအချိန်ကိုယ့်ရဲ့ချစ်ရသူလေးကဘယ်ကိုသွားမယ်ဆိုတာသိနေတော့လဲ...တွေ့ချင်တဲ့ကိုယ်ကလာစောင့်နေရတာပေါ့.."

" နင်အပြောအဆိုဆင်ခြင်လိုက်Orchat...နင်အရှက်မရှိဘူးလားဟင်...နင့်ကိုငါငြင်းတာဟိုးအရင်ရီးစားမရှိခင်တည်းက...အခုငါ့မှာလဲချစ်ရသူရှိနေပြီ....ပြီးတော့သူက...နင်တို့ရဲ့ခေါင်းဆောင်ဆိုတာမေ့နေတာလား.."

" ဟားဟား.ဟား!!! ခေါင်းဆောင်?...ဟုတ်လား....အင်း....ဟုတ်တယ်ငါတို့ခေါင်းဆောင်....ဒါပေမဲ့ခေါင်းဆောင်နဲ့ညီလောက်တဲ့စွမ်းအားမှသူ့မှာမရှိသေးတာ...နာမည်ခံသက်သက်ပဲရှိသေးတာ....အခုအချိန်ငါသာသတ်လိုက်ရင်ဘယ်သူမှတောင်မသိလိုက်ပဲသေသွားမှာ.........ဟားဟား..ဟား!!! Ommm...ဒါပေမဲ့လဲ...သူသေသွားခဲ့ရင်.....ကိုယ့်ရဲ့ချစ်သူလေးစိတ်အနှောက်အယှက်ဖြစ်သွားမှာဆိုးလို့လွှတ်ထားတာ....နောက်ပိုင်းကျရင်ဘယ်သူမှတောင်ကိုယ့်ကိုယှဉ်နိုင်တော့မဟုတ်ဘူး....ဟား..ဟား..ဟား!!"

Devil system (Unicode)Where stories live. Discover now