Arc2-3

2.7K 283 0
                                    

ခြံဝန်းထဲတွင်အပြေးအလွှားဆော့နေသောကလေးများ.........။

အများနှင့်မို့ဆူညံနေသော်လည်ူ.....တစ်ယောက်ထဲဆိုလျှင်တော့......အများကြီးစိတ်ညစ်စရာမလိုဘူးဟုသာတွေးလိုက်သည်.......။

ဆော့ကစားနေသောကလေးများအားကြည့်၍တစ်နေရာအရောက်အကြည့်ရပ်သွားသောRio......။

မည်သည့်ကလေးမျှနှင့်လဲမကစားလေပဲ...တစ်ဦးတည်းထိုင်နေသောကလေးတစ်ယောက်.........။အသားလေးကာဖြူဝင်း၍နေရောင်ကပင်ထိုကလေူ၏အသားအရေအားပိုမိုတောက်ပအောင်ထောက်ပံပေးနေသယောင်.......။

ဘေးကမြင်နေရသည့်မို့မျက်တောင်ရှည်များကကော့ညွှတ်စရာမလိုပဲသဘာဝအတိုင်းကော့ညွှတ်နေလေသည်.........။

ထို့ပြင်နီရဲနေသောပါးပြင်လေး........မိမိစိတ်ရှိဆိုအခုပဲပြေးဖက်၍နမ်းချင်မိသည်........။

မိမိအတွေးကိုအကောင်အထည်ဖော်သွားသည့်ကောင်လေးတစ်ယောက်......။ထိုင်နေသည့်မိမိ၏ဖြူလုံးလေးဘေးသို့ရောက်လာသည့်ကလေးတစ်ယောက်......မျက်မှန်လေးဝတ်ထားကာ.....ချစ်စဖွယ်ဖြစ်နေသော်လည်း......မိမိ၏ဖြူလုံးလေးဘေးသို့ရောက်သွားကာ...နမ်းလိုက်သည်ကြောင့်ထိုကလေးကိုပင်ပြေးကိုင်ပေါက်ချင်လာသည်.......။

'လူကဖြင့်လက်တောက်လောက်လေးနဲ့.....မရှက်တတ်ဘူး´

Rioတစ်ယောက်ထဲစိတ်ထဲမှပြောနေမိသည်.......။

သို့သော်လည်းစိတ်မရှည်သည့်အဆုံးဘေးတွင်ရပ်နေသောမာသာအား........

" မာသာ....အဲ့ဒန်းပေါ်ကကောင်လေးကသွားမဆော့ဘူးလား....တစ်ခြားကလေးတွေဆိုဒီအချိန်အပြေးအလွှားဆော့နေမှာကို...ပြီးတော့သူ့ဘေးကမျက်မှန်လေးနဲ့ကောင်လေးကရော.."

မိမိ၏အမေးကိုသဘောပေါက်သည့်နှယ်ဖြေလာသောမာသာ.......

" ဪ...အဲ့ကလေးလား....သူ့နာမည်ကSinတဲ့....မိဘတွေကသူမွေးကင်းစအရွယ်တည်းကပစ်သွားကြတာ.....သနားစရာလေးပါ...ငယ်ငယ်ရွယ်ရွယ်နဲ့နှလုံးရောဂါကိုဘုရားသခင်ကအပိုထည့်ပေးလိုက်တယ်တူပါရဲ့...သူ့ဘေးကကောင်လေးကတော့သူသူငယ်ချင်းလေ..
သူတို့ကခွဲမရဘူး....အရမ်းချစ်ကြတယ်......Sinကဆော့လို့မရတာသိတော့Jhonကပါသူနဲ့အတူနေပေးတယ်.."

Devil system (Unicode)Where stories live. Discover now