Arc4-7

1.6K 161 2
                                    

မှောင်ရိပ်သန်းနေသည့်အခန်းငယ်......။
တိတ်ဆိတ်လွန်းလှသည်ကလည်း....ကျောချမ်းစဖွယ်ဖြစ်သည်....။

သို့သော်လည်း...ထိုနေရာလေး၏ထောင့်တစ်နေရာတွင်တော့ကလေးငယ်တစ်ဦးကငြိမ်ကုပ်လျှက် ......။

" ငါမင်းကိုပြောထားတယ်လေ....ဒီကိစ္စကလွယ်လွယ်လုပ်လို့မရဘူးလို့.....အခန့်မသင့်ရင်သေကုန်လိမ့်မယ်ကွ..."

ယောကျာၤးတစ်ဦး၏မာထန်လွန်းလှသည့်အသံသည်ထိုအမှောင်ထုကြီးအားတစ်ချက်တစ်ချက်ဖြိုခွဲသွားလေသည်......။

သို့သော်လည်းထိုလူ၏အသံကိုတော့ပြန်လည်ခွန့်တုန့်ပြန်မည်လူဟူ၍ရှိမနေချေ......။

ကြမ်းပြင်ပေါ်တွင်တော့လဲလှောင်းနေသည့်အသက်မဲ့ခန္ဓာကိုယ်တစ်ခုသည်......ကလေးတစ်ဦးအားစိုက်ကြည့်လျှက်......။

ထိုကလေးငယ်၏စိတ်ဒဏ်ရာသည်ပို၍ကြီးစိုးလာခဲ့လေသည်......။
မိခင်သေသည်ကိုမိမိမျက်လုံးရှေ့တွင်မြင်ခဲ့ရသောမိမိ.....။
မိခင်ဒုက္ခရောက်နေသည်ကိုမိမိနာကျင်မည်ကိုဆိုး၍ငေးကြည့်ရုံသာတတ်နိုင်သည့်ကလေး......။

ထိုအချိန်မှစ၍အားနည်းလွန်းသည့်မိမိကိုယ်ကိုမုန်းတီးကာနေခဲ့သည်....။

ဆေးရုံတစ်နေရာတွင်လှဲလျောင်းနေသည့်ထိုလူသားကိုကြည့်၍Zတစ်ယောက်Re ပြောသမျှတို့အားနားထောင်နေလိုက်သည်.......။

"အခုကကျွန်တော်သိသလောက်ပါပဲ ....Rကသူ့ကိုယ်သူသန်မာချင်တယ်.....ဒါကြောင့်လဲသူ့ကိုသူRဆိုတဲ့အသိကိုဖျောက်ပြီး..တစ်ခါတစ်လေသန်မာလွန်းတဲ့Richestအဖြစ်နေတတ်တယ်..အဲ့လိုဖြစ်သွားပြီဆိုရင်လဲ.အသိကတော့ရှိနေပေမဲ့သူ့ကိုယ်ကိုထိန်းချုပ်မရတော့ဘူး.....တစ်နေ့သူ့အဖေကိုပြန်သတ်ခဲ့တယ်.....ဥပဒေကဖမ်းမိပင်မဲ့...နေမကောင်းတဲ့လူဖြစ်တာကြောင့်...လွတ်သွားခဲ့တာ..ဒီကိစ္စတွေပြီးသွားတဲ့နောက်မှာတော့သူရဲ့ဝေဒနာတွေအကုန်သက်သာလာဖို့ပဲမျှော်လင့်ရပါတယ်......ပြီးတော့Rimအကြောင်းလဲကျွန်တော်သိပါတယ်......ဒါကေမဲ့ဒါတွေအကုန်ကRအကူအညီတောင်းခဲ့လို့ပါ....အကြောင်းအရင်းကိုတော့ကျွန်တော်မသိတာမို့...ခွင့်ပြုပါအုံး....."

Devil system (Unicode)Where stories live. Discover now