Arc4-8

2.1K 168 0
                                    

အထပ်ဆယ့်ငါးထပ်ရှိသည့်အဆောက်အအုံတစ်ခု၏ခေါင်မိုးထပ်......

ကျရောက်နေသည့်ညနေဆည်းဆာအရောင်လေးသည်လှပလွန်းလှသည်။
တစ်ချက်ချက်တိုက်ခိုက်လာသည့်လေပြေများကတူတွဲထိုင်နေသည့်ထိုကောင်လေးနှစ်ဦးအားကျီစယ်နေဟန်တူ၏....။

Rမိမိဘေးမှအကောင်ပေါက်စလေး၏လေအဝှေ့တိုက်ခိုက်သွားတတ်သည့်ဆံနွယ်တို့ဆီမှထွက်ပေါ်လာသည့်အသံတို့အားနားစိုက်ထောင်နေ၏.....။

လေအဝှေ့၌မှိတ်သွားတတ်သည့်မျက်ဝန်းတို့ကလဲလှပလွန်းလှသည်...။

Rမိမိစိတ်တို့ချုပ်တည်း၍မရနိုင်ချေ.....။အမှန်ဆိုမိမိသတိရနေသည်မှာတစ်ပတ်ပင်ကြာနေလေပြီ....။

ပေါက်စလေးသည်တော့မိမိဘေးတွင်ယခုထိတိုင်ရှိနေပေဆဲမို့အိပ်မက်နှင့်ပင်မခြားနေ.....။

မိမိပေါက်စလေးအားစတွေ့တွေ့ချင်းနေ့တွင်ပင်သဘောကျခဲ့ရသည်....။

***************************

Rimနှင့်မိမိစတွေ့ချိန်၌သူမရှေ့တွင်လူတစ်ယောက်အသက်ကဆုံးရှုံးနေလေပြီ....။မူလအသိစိတ်ရှိမနေသည်မို့....Rim၏လုပ်ရက်အားမတားမိခဲ့ချေ...။

သို့သော်လည်း....မိမိကိုတွေ့သည်နှင့်မေ့လဲသွားသည့်သူမကြောင့်သူငယ်ချင်းရှိရာဆေးရုံကိုသာပို့ပေးလိုက်သည်....။မိမိတော့ဆက်၍စောင့်မနေခဲ့ချေ...။
ူသူမသတိရလာလျှင်တော့မိမိတွေ့ခဲ့ရသည့်အကြောင်းအရင်းတို့အားမေးရပေမည်....။

နောက်ရက်Reဆီမှဖုန်းဝင်လာသည်ကအတိတ်မေ့သွားသည်တဲ့....ပထမတွင်တော့မည်သည့်ထိခိုက်ဒဏ်ရာမျှရှိမနေသည့်သူမကအတိတ်မေ့သည်ကိုတော့မိမိမယုံခဲ့ချေ.....။

သူငယ်ချင်းဖြစ်သူ၏စကားကြောင့်ကြာယုံခဲ့လိုက်သည်.....။

" သူ့ပုံစံကြည့်ရတာအားနည်းနေတယ်ကွ...မေ့နေတာတောင်ကြောက်အားလန့်အားအော်နေရှာတာ...ကြည့်ရတာသူမတော်တော်ဒုက္ခရောက်ခဲ့ရပုံပဲ....ဒါပေမဲ့သူမနိုးလာတော့ဘယ်သူကိုမှဘာကိုမှမမှတိမိဘူးတဲ့...ငါလဲစောင့်ကြည့်ချင်တယ်ကွ...ဒီအတိုင်းသူမိသားစုဆီပြန်ပို့လိုက်လို့...သူမဒက္ခရောက်သွားရင်ရော.."

Devil system (Unicode)Where stories live. Discover now