Arc2-11

2.5K 268 1
                                    

At Airports.. .

အဖြူရောင်ဆွယ်တာအိကျႌအားဝတ်ထားကာ....အနက်ရောင်နေကာမျက်မှန်နှင့်ခပ်ငယ်ငယ်လူငယ်တစ်ယောက်.........။

လေဆိပ်ကထွက်လာပြီးနောက်ဘေးဘီတို့အားဝေ့ဝဲကာရှာနေ၏....။

" မင်္ဂလာပါ...Jkရဲ့သူဌေးကြီးခင်ဗျ.."

အနောက်မှကြားလိုက်ရသည့်ခပ်နောက်နောက်အသံငယ်တစ်ခုကြောင့်လှည့်ကြည့်လိုက်သည်........။

" Sin.."

" Wow!! ...သူဌေးကြီးကမှတ်မိပေးလို့ဂုဏ်ယူပါတယ်.."

" ဟား...ဟား..မင်းကွာ...အရမ်းနောက်တာပဲ...အရင်ကငါသိတဲ့...သေးသေးလေးပဲနော်မင်းက.."

ယှဉ်ရပ်လိုက်လျှင်ခေါင်းတစ်လုံးကွာနေသည့်အရပ်.......။

Sin၏နှုတ်ခမ်းတို့ကအလိုမကျဟန်ဖြင့်ဆူပုတ်သွား၏....

" အရင်ကမင်းနဲ့ငါရွယ်တူပါပဲ...အခုမှဘာလို့မင်းအရပ်ကရှည်လာတာလဲ........"

" aww...ဒါများ....ငါကအခုအင်လိုမှမဟုတ်တော့တာ...ပိုခန့်လာတယ်မထင်ဘူးလား.."

" တော်ပါ...မင်းထွက်မလာသေးလို့စောင့်နေတာ...ငါအခုထိဘာမှမစားရသေးဘူး...လိုက်ကျွေး..မင်းကအခုချမ်းသာနေတာဆိုတော့.."

" အေးပါ...မတွေ့တာလဲကြာပြီဆိုတော့.....ငါပြောစရာတွေရှိသေးတယ်ကွ.."

*****************************************

( )စားသောက်ဆိုင် ၌.......

" ကဲ...ဆိုစမ်းပါအုံး...ငါ့ဆီဖုန်းဆက်ရတဲ့အကြောင်း.."

Sin Jhon၏အမေးတို့အားပြန်မဖြေသေးချေ.....။

" မင်းဒီမှာဘယ်လောက်နေမှာလဲ.."

" အေး..ငါလဲအဲ့ဒါပြောဖို့ကွ...ဒီမှာငါတစ်လလောက်ပဲနေဖြစ်မယ်...ဘာလို့ဆို..အခုငါ့ရဲ့အဖေကဆုံးပြီလေ..ဒါကြောင့်အဖေ့နေရာကိုငါပဲဝင်လုပ်နေရတာ...ပြီးတော့ငါကအသက်ငယ်သေးတော့..ဘယ်သူမှဂရုမစိုက်ချင်ကြဘူးကွ....ဒါကြောင့်သူတို့ငါ့ကိုမပြောရဲအောင်ငါအမြဲကြိုးစားနေရတယ်...ဒါမင်းဆီဆက်သွယ်ချင်ပေမဲ့.....ငါ့အဖေ့ဆုံးသွားပြီး...အဆက်အသွယ်လုပ်မရတော့တာ....မင်း...ငါ့ဖုန်းဘယ်လိုသိလဲ..."

Devil system (Unicode)Where stories live. Discover now