Arc2-final

2.9K 264 0
                                    

" အဲ့တုန်းကမွေးစားခံထားရတဲ့ကလေးတွေရဲ့ဖိုင်တွေကဒီမှာမရှိတော့တာကြာပြီရှင့်....ဒါပေမဲ့..သိချင်တယ်ဆိုရင်တော့..အရင်တုန်းကအလုပ်လုပ်ခဲ့တဲ့မာသာသိလောက်တယ်....သူကအနားယူသွားပြီလေ....သိချင်ရင်ဖုန်းနံပါတ်ပေးလိုက်ပါ့မယ်.."

ထို့နောက်စာရွက်ဖြူပေါ်၌ဖုန်းနံပါတ်တစ်ခု.......။

Brianကားပေါ်ါတွင်စောင့်နေသောကိုယ်ရံတော်တစ်ယောက်အား......

" အဲ့မာသာနေတဲ့နေရာသိချင်တယ်..."

*****************************************

Sin...Jhonနှင့်တွေ့ပြီးနောက်အိမ်သို့ပြန်လာလိုက်သည်.......။

ပိုင်ရှင်မဲ့နေသောအခန်းထဲ၌မီးမှောင်ချကာထိုင်နေသည့်လူတစ်ယောက်......။

မီးဖွင့်လိုက်ပြီးနောင်တွေ့လိုက်ရသည့်သူ....

" ဦးကို....ဘာထိုင်လုပ်"

ပေါက်ကွဲထွက်တော့မည့်အလား...မိမိအားစိုက်ကြည့်နေသည့်သူကြောင့်....လန့်၍မေးလိုက်သော်လည်း.....မိမိအမေးအားအဖတ်မလုပ်သည့်အပြင်...အနားသို့တဖြည်းဖြည်းကပ်လာသည့်သူ......။

" ဥိးကို...ဘာဖြစ်လို့လဲ..."

" ဘယ်သူနဲ့သွားတွေ့တာလဲ.."

" ဗျာ....သူငယ်ချင်းနဲ့ပါ"

" သူငယ်ချင်းဟုတ်လား....မင်းမှာ...ကိုယ်မသိသေးတဲ့သူငယ်ချင်းရှိသေးတာလား...အခုလိမ်တောင်နေပြီလား....ဘာလဲ..ငါ့ဆီကထွက်သွားချင်နေတာလား..."

" ဦးကို...ဘာဖြစ်..အွင်း...အွင်း..ဦးကို..ဘာလုပ်တာလဲ!"

တဖြည်းဖြည်း အငမ်းမရနမ်းလာသည့်သူကြောင့်Sinမျက်လုံးတို့ပြူးသွားရ၏......။

ရုတ်တရက်ဆန်လာသည့်အပြုအမူတို့ကြောင့်ဇာတ်လိုက်အားမိမိနားမလည်ဖြစ်ခဲ့ရသည်.......။

' မဟုတ်ဘူး..တစ်ခုခုလွဲနေတယ်..´

" မင်းကိုယ့်ကိုလိမ်ဖို့ကြိုးစားနေတာလား....ဟင်...!"

" မဟုတ်..မဟုတ်.."

ဘုန်း~~~

Sinဇာတ်လိုက်၏အပြုအမူတို့အားနားမလည်.....။သို့သော်လည်း...ထိုအပြုအမူတို့အတွက်...ခုန်လာသည့်နှလုံးတို့ကလည်း..နာကျင်လှသည်.....။

Devil system (Unicode)Where stories live. Discover now