Arv4-6

1.5K 170 0
                                    

Zတစ်ယောက်ယုခုမိမိရောက်နေသည့်ကမ္ဘာ၏ထူးခြားနေမှုများအား...ယခုထိအသားမကျသေးချေ.....။
တစ်ခုကိုတွေးလိုက်နိုင်လျှင်နောက်တစ်ခုသည်မိမိအားမေးခွန်းမေးနေပြန်၏....။

Zမိမိ၏အတွေးတို့မဆုံးခင်..တစ်စုံတစ်ဦး၏ဆွဲခေါ်ခြင်းကိုခံလိုက်ရသည်......။

ထို့နောက်မျက်ဝန်းတို့အားတဖြည်းဖြည်းဖွင့်ကြည့်ပြီးနောက်...
Spaceဆီသို့.....။

[ငါဘာလို့ပြန်ရောက်နေတာလဲ....ငါသေသွားလို့လား...ဒါမှမဟုတ်ဒီတစ်ခါလဲmissionကအဆုံးသတ်သွားပြန်တာလား..]

[မဟုတ်ပါဘူး...hostကိုသတိပေးဖို့ပါ....]

[သတိပေးမယ်..ဘာကိုသတိပေးမှာလဲ...]

[ဒီကမ္ဘာကတစ်ခြားကမ္ဘာတွေထက်ထူးခြားပြီး...အန္တရာယ်ရှိတာမို့သတိထားပါhost...ဒီလောကထဲမှာhostသေလို့မဖြစ်တာသိပါတယ်နော်....ဒီကမ္ဘာမှာပိတ်မိနေခဲ့ရင်hostရဲ့ခန္ဓာကိုယ်ပျက်စီးသွားမှာပါ...ဒါကြောင့်တစ်ခြားမလိုတဲ့အလုပ်တွေကိုဖယ်ထားလိုက်ပါ....hostရဲ့missionကိုသာအာရုံစိုက်ပါ....ဒီကမ္ဘာရဲmissionကအပြောလွယ်ပေမဲ့....Devil Systemရဲ့အခက်ဆုံးအပိုင်းဆိုလဲမမှားပါဘူး...ဒါကြောင့်သတိပေးတာပါ...]

[ဘာ...မင်းအစကငါ့ကိုအဲ့ဒါပြောလို့လား....]

[ဒါကတော့..hostကရောမေးလို့လား...အရင်လိုဆရာကြီးအထာနဲ့လာလာပြောနေတာကို....]

Zမိမိစိတ်ရှိအတိုင်းသာဆိုDeအားရိုက်နှက်ပစ်ချင်လေသည်....။

[Hostကျွန်တော့်ကိုရိုက်ချင်လဲရိုက်လို့မရပါဘူး...ကျွန်တော်systemတစ်ခုဖြစ်နေတော့hostပဲမောမှာ...]

[ကဲ..ဒါဆိုလဲမင်းသတိပေးတာပြီးပြီမလား.....ငါ့ကိုပြန်ပို့တော့...]

[မပြီးသေးဘူး...အဓိကသတိပေးချင်တာကRကိုသတိထားပါ...]

[ငါကဘာကို..]

[ပြန်လည်ပို့ဆောင်ခြင်းအောင်မြင်....]

*********************************
ပြောချင်တာပြော၍ ထားခဲ့သောDeကြောင့်မိမိစိတ်ထဲဒေါသတို့သာပြည့်လာသည် ......

Z spaceထဲမှပြန်ရောက်လာပြီးနောက်.....ယခုကမ္ဘာ၏အကြောင်းအရာတို့ကိုပိုမိုသိစေရန်ကြိုးစားမည်ဟုသာတွေးလိုက်လေသည်........။

Devil system (Unicode)Where stories live. Discover now