Arc2-2

2.7K 297 0
                                    

ယနေ့မိမိ၏အသက်ဆယ့်ကိုးနှစ်ပြည့်မွေးနေ့.........။
Company ကရှယ်ယာဝင်တွေနဲ့ဝန်ထမ်းတွေကိုဖိတ်ပြီး...မွေးနေ့ကိုကျင်းပရန်ဆုံးဖြတ်လိုက်သည်..........။

အရင်ကမွေးနေ့တိုင်းအားဂုဏ်ပြုသူမရှိ....သတိရပေးသူမရှိတတ်သောမိမိ၏ဘဝ၌ငွေဟူသောအရာကဝင်လာသည်နှင့်..ရောက်ရှိလာသောမွေးနေ့တွေ....ဆုတောင်းမှုတွေ....ရင်ထဲကပါမပါမသိသော်လည်း....ဆယ်ကျော်သက်ပရွယ်လုပ်ငန်းရှင်ကောင်လေးကိုတော့ဆုတောင်းပေးသူများရှိကြပါသည်......။

မိဘများမရှိပဲကြီးပျင်းလာရသောမိမိ......ဆွေးမျိုးမျကလဲမိဘများသေသည်နှင့်မိမိအားဂရုပင်မစိုက်ကြပေ......။အသက်ဆယ်နှစ်အရွယ်တွင်သေဆုံးသွားသောမိဘများထားခဲ့သည့်စည်းစိမ်ဥစ္စာများရှိသော်လည်း.....ဆွေမျိုးများ၏ဂရုစိုက်မှုကိုရရန်သုံးခဲ့ရသည်......မေတ္တာကိုမက်မောသောကလေးတစ်ယောက်၏စိတ်ကိုဂရုမစိုက်ပဲ.......ငွေကြေးကိုသာမက်မောသောသူတို့အတွက်ကတော့......ငွေကြေးကုန်ခါနီးအချိန်၌ပျောက်ချင်းမလှပျောက်သွားလေသောဆွေးမျိုးများ......။

ထိုအချိန်မှမိမိသေချာသိသည်.....ငွေသည်အရာရာကိုအောင်နိုင်၏်....
ထိုအချိန်ဆယ်နှစ်အရွယ်ကောင်လေး၏အတွေးအား....ဆေးဆိုးခဲ့သောငွေဆိုသည့်အရာ.....။

ထိုအချိန်မှစ၍....အချိန်ပိုင်းအလုပ်လုပ်၍ထိုရသောငွေနှင့်သာကျောင်းတက်ပြီး...မိဘများ၏ကျန်ခဲ့သောငွေတစ်ချို့ကိုတော့ထိန်းသိမ်းထားကာ......။

အသက်ဆယ့်ခြောက်နှစ်အရွယ်မှစ၍....အလုပ်ကိုသာကြိုးစားလုပ်ကိုင်ခဲ့လိုက်သည်......အစကဆယ်ကျော်သက်.....ဆယ်တန်းလောက်သာအောင်မြင်ထားသောကောင်လေးတစ်ယောက်အားလေးစားချင်းမရှိပဲ.....ငွေတစ်ခုတည်းကိုကြည့်ကာလိမ်ရန်ပင်ကြိုးစားကြသေးသည်.....။

သို့သော်လည်းအချိန်ကြာလာသည်နှင့်အမျှယုံကြည်လာသောသူများကြောင့်မိမိ၏အလုပ်သည်ပိုမိုတိုးတက်လာသည်......။

ထိုအချိန်အတွင်းမိမိအားကူညီပေးကာသားတစ်ယောက်လိုဂရုစိုက်သောလူတစ်ဦးတော့ရှိပေသည်........။

Uncle Pol....

Uncle Polသည်မိမိ၏တစ်ဦးတည်းယုံကြည်ရသောသူ.....။
တစ်ခြားလူမဟုတ်ပေ........မိမိ၏အိမ်တော်ထိန်းသာ.....။

Devil system (Unicode)Where stories live. Discover now