Arc3-1

2.8K 265 4
                                    

" ဒီနေ့အခြေအနေဘယ်လိုရှိလဲဝမ်စန်း.."

ခုံပေါတွင်ထိုင်ကာရေနွေးချမ်းခွက်အားကိုင်ကာဆိုလာသည့်အသက်ကြီးကြီးအမျိုးသားတစ်ဦး.......။

ထိုလူ့ဘေးတွင်တော့....ဆံနွယ်အားထုံးထားကာ.....အိနြေ္ဒအပြည့်ဖြင့်ရင်သပ်ရှူမောဖွယ်မိန်းမတစ်ဦး.......။

ဝမ်စန်းထိုနှစ်ဦးအားအရိုအသေပြုကာဆိုလိုက်၏......။

" သခင်လေးကရဲ့စွမ်းရည်ကမယုံနိုင်လောက်အောင်တိုးတက်လာတယ်သခင်ကြီး.....ကျွန်တော့်ကိုတောင်ပြန်အနိုင်ယူသွားတယ်."

" ဟင်..."

သခင်ကြီး၏အံအားသင့်ဟန်ဖြင့်ဆိုလာသံ.....။ဘေးမှလောင်ဖူးရန်မှလဲ..အံသြသည့်အကြည့်ဖြင့်ကြည့်လာ၏.....။

ဟန်ရွယ်သည်မိမိတို့မိသားစုတွင်တစ်ဦးတည်းသောသားယောကျာၤးလေး.......။

တ်းခြားကိုယ်လုပ်တော်များတွင်သမီးများသာဖွားမြင်ကြသည်....။

ထို့ကြောင့်ဟန်ရွယ်အပေါ်မိမိအားကိုးသည်.....။

သို့သော်လည်း..ဓားကိုကိုင်ခိုင်းလျှင်ငယ်စဉ်တည်းကငြင်းဆန်ကာငိုတတ်သည့်ဟန်ရွယ်.....။

ထို့အပြင်ယခုအချိန်ထိဖိအားပေးကာသင်ခိုင်းနေသော်လည်း....မည်သည့်စွမ်းရည်မျှတိုးတက်မလာချေ.....။

မနေ့ကအထိဝမ်စန်း၏တင်ပြချက်များအားမိမိအားမရခဲ့ပေ.....။

ယခုမှထိုကလေးက.......။

*****************************************

လောင်ဖူးရန်သူ၏သားဖြစ်သူဆီလာလိုက်သည်......။

ထို့နောက်သားဖြစ်သူ၏လက်ဖဝါးလေးအားကြည့်၍ငိုလေတော့သည်....။

" ရွယ်အာ....အဲ့လောက်ထိအပင်ပန်းမခံပါနဲ့.....ဘာလို့အခုလို့...အဟင့်...လက်တွေက..."

ဟန်ရွယ်မိမိရှေ့မှထိုအမျိုးသမီးကြီးဆီမှလက်တို့အားပြန်ဆွဲယူကာ...

" သားဘာမှမဖြစ်ပါဘူး...သားအခုလုပ်တာတွေကခမည်းတော်အကောင်းမြင်ဖို့ရယ်...ပြီးတော့မယ်တော်..သားတော်ကြောင့်စိတ်မဆင်းရဲရအောင်ပါ...သားတော်ဒဏ်ရာတွေကနည်းနည်းလေးပါ..."

Devil system (Unicode)Where stories live. Discover now