Arc3-11

1.8K 202 0
                                    

လူခြေတိတ်ဆိတ်လှသည့်နေရာတစ်ခု....။
လူနေအိမ်ဟူ၍တစ်အိမ်ထဲသာရှိနေသည်....။

ထို့ပြင်လူအသွားအလာနည်းသောနေရာတွင်တည်ဆောက်ထားသည်မို့မည်သူမှမသိကြချေ.......။

ဟန်ရွယ်မိမိ၏ဦးလေးဆိုသောသူပြောပြသည်ကိုသာကလေးတစ်ယောက်သဖွယ်နားစိုက်ထောင်နေလိုက်သည်.......။

" အမေ့ကိုတွေ့လို့ရမလား.."

" မရဘူး...အခုအမတ်ချုပ်ကြီးကဖူးရန်ကိုအိမ်ထဲကပေးမထွက်တော့ဘူး...မင်းပျောက်နေတာဖူးရန်သိပြီးသောင်းကျန်းနေလို့.."

" ကျွန်တော်အဲ့လူတွေကိုအပြစ်ပေးချင်တယ်.."

" ငါသိတယ်...မင်းပေးတဲ့အပြစ်ကိုငါလဲခံရမှာပါ..ဒီအတွက်ကြောင့်မင်းကိုအမတ်ချုြပ့်ကီးမထိရဲအောင်မင်းကြီးနဲ့ပေးစားခိုင်းခဲ့တာ...ဒါပေမဲ့သူကငါ့ထက်ခြေလှမ်းသာသွားတယ်...ဒါကြောင့်မင်းကိုအခုလိုလုပ်ကြံခိုင်းတာလို့ထင်တယ်.....ဒါပေမဲ့အခုတော့မင်းနေကောင်းအောင်နေပါ...မင်းနေကောင်းသွားရင်မင်းကိုမင်းကြီးဆီခေါ်သွားမယ်.."

ဟန်ရွယ်ထိုစကားတို့ကြောင့်စိတ်မကောင်းဖြစ်မိသည်....ယခုဘဝသည်မိမိဖြတ်သန်းရသည်မှာသုံးဘဝမြောက်ပင်....။
ထိုဘဝတိုင်းတွင်လည်း..မိမိကြုံခဲ့သမျှလူတိုင်းကိုအသုံးချခဲ့ပေသည်....။
ယခုဘဝတွင်လဲ...ဇာတ်လိုက်ကိုအသုံးချရပေအုံးမည်......။
ဇာတ်လမ်းကိုအဆုံးသတ်၍ထွက်သွားရန်သာ.....။

" ဒီညကျွနိတော်ပြန်ချင်တယ်..."

" ဒါပေမဲ့..."

" ကျွန်တော့်အပေါ်မထားခဲ့နိုင်တဲ့ဦးလေးတစ်ယေညက်ရဲ့မေတ္တာရောသေသွားတဲ့အဖေအတွက်ရောအားနာတဲ့အနေနဲ့လုပ်ပေးပါ..."

ဟန်ရွယ်လျန်ရှန်းမပြောခင်ပြောလိုက်ခြင်း......။

ထိုအခါတွင်တော့လျန်ရှန်းလည်းမည်သည်မှမပြောနိုင်တော့၍ခေါင်းသာငြိမ့်လိုက်ရတော့သည်.....။

*****************************

တစ်ဖက်တွင်တော့.....လပြည့်ညပင်ဖြစ်ပါသော်လည်း....မင်ဝမ်၏စိတ်တို့အားနားလည်ဟန်ဖြင့်...ထိုလပြည့်ဝန်းကြီးသည်တိမ်တို့၏နောက်ကွယ်တွင်ပုန်းနေလေ၏.....။

Devil system (Unicode)Where stories live. Discover now