Arc4-3

1.6K 181 0
                                    

" ဘာပြောဖို့လဲ "Z၏ခေါ်ရာသို့လိုက်ပြီးနောက်...Reဆိုလာသည့်စကား....။

" တကယ်တော့...သူမကကျွန်တော့ညီမပါ...အိမ်ကမိဘတွေနဲ့အဆင်မပြေလို့ထွက်ပြေးသွားတာပါ..ဒါပေမဲ့အခုလိုကျွန်တော့်ကိုပါမေ့သွားရလောက်တဲ့အထိဖြစ်သွားမယ်လို့တကယ်မထင်ထားခဲ့ဘူး...."

" အဲ့တော့..မင်းကဘာပြောချင်တာလဲ..."

" ကျွန်တော်သူမကြောက်မှာစိုးလို့ခေါ်တော့မသွားတော့ပါဘူး..အပန်းအကြီးရင်ခင်ဗျားဆက်စောင့်ရှောက်ပေးပါ...ကျွန်တော်သူ့ကိုခနခနတော့လာကြည့်လို့ရတယ်မလား...."

" ရပါတယ်..သူ့ကိုဒုက္ခမပေးဘူးဆိုရင်ပေါ့..ပြီးတော့အဲ့နေ့တုန်းကသူ့ကိုခေါ်လာတာကျွန်တော့်သူငယ်ချင်းပါ....ဒါပေမဲ့သူ့ကိုကျွန်တော့ဆီမှာပဲအပ်ခဲ့တာ...သူပြောတာတော့တစ်စုံတစ်ယောက်ရဲ့တိုက်ခိုက်တာခံရတဲ့ပုံပဲ....တစ်ကိုယ်လးုံဒဏ်ရာတွေနဲ့....."

" ဟုတ်ကဲ့...ကျေးဇူးတင်ပါတယ်..ဒါဆိုကျွန်တော်သူမကိုသွားနှုတ်ဆက်လို့ရလားဗျ..."

Zထိုသူအားနှုတ်ဆက်ကာဇာတ်လိုက်မဆီသို့ထွက်လာလိုက်သည်......။

" Kalaraကျွန်တော်နဲ့စကားခနပြောလို့ရမလား..."

မိမိ၏အပြောအား..ဇာတ်လိုက်ဆီသို့အားကိုးစွာကြည့်လိုက်သည့်သူမ....။
ထို့နောက်ဇာတ်လိုက်၏ခွင့်ပြုမှုရသည်နှင့်သူမအခန်းထဲလိုက်လာလိုက်သည်.......။

" ဒါ..ဘယ်လိုဖြစ်တာလဲRim.."

" အဟင့်..ငါ..ငါတောင်းပန်ပါတယ်...သူတို့ကငါ့ကိုခြိမ်းခြောက်ထားတယ်...သူတို့ဆီကထွက်သွားရင်ငါချစ်တဲ့လူတွေကောငါ့ကိုရောသတ်မယ်တဲ့...ငါ..ငါ..ငါသေမှာငါမစိုးရိမ်ဘူး...ဒါပေမဲ့..ငါချစ်တဲ့နင်တို့တွေ...အဟင့်..ငါတောင်းပန်ပါတယ်..."

ထို့နောက်မိမိ၏ရင်ခွင်ထဲသို့တိုးဝင်လာသည့်သူမ......။
' တော်တော်ကူလီကူမာများတဲ့ဇာတ်လိုက်မ..ငါဒီတစ်ခါပဲတွေ့ဖူးတယ်...အမှန်တိုင်းပြောတော့သူ့ကိုငါကသတ်မှာမို့လို့လား...အဲ့လေ..သတ်လို့မရလို့ပါ..ရရင်တော့သတ်တယ်..သမီးလေးကံကောင်းသွားတယ်...´

Z၏စိတ်ထဲမှပြောခြင်းသာ..လက်တွေ့တွင်တော့...ဇာတ်လီုက်မ၏တုန်ယင်နေသည့်ပုခုံးလေးအားပွတ်သပ်ပေးပြီးနောက်အငိုတိတ်စေလိုက်သည်....။
ဟုတ်သည်လေ..သူမသည်သနားစရာကောင်းလွန်းသည့်ကြာပန်းဖြူလေးဖြစ်ချင်နေရင်..မိမိသည်လည်းသူ့ကိုချစ်ကြိုက်ကာသနားနေသည့်မူလပိုင်ရှင်လိုဆက်နေပေမည်.....။

Devil system (Unicode)Where stories live. Discover now