Arc3-4

2.3K 247 2
                                    

ချွမ်...ချွမ်...ချွမ်......။

ပူပြင်းလှသည့်နေရောင်၏အောက်ဘက်တွင်ဓားကိုဝင့်ကာလေ့ကျင့်ရေးဆင်းနေသည့်လူတစ်ဦး......။

ထိုလူ၏ဦးဆောင်မှုတို့အားလိုက်နာနေသည့်လူတစ်စု......။

ဓားရေးလေ့ကျင့်နေသည့်ထိုလူငယ်အားစောင့်ကြည့်နေသည့်လူတစ်ဦးသည်လည်းရှိသည်........။

ပူပြင်းလှသေညနေရောင်ခြည်သည်ထိုလူတစ်စုအားကျီစယ်နေဟန်.......ထို့ပြင်ထွက်ပေါ်လာသည့်ချွေးစက်တို့သည်လည်းခန္ဓာကိုယ်အနှံရှိနေပြန်၏......။

ကျစ်လစ်မှုမရှိပဲသေးသွယ်လွန်းနေသည့်ခန္ဓာကိုယ်နှင့်ကြည်လင်လှသည့်မိုးပြာရောင်မျက်ဝန်းတို့သည်ထွန်းတောက်နေသောနေရောင်နှင့်အပြိုင်တောက်ပနေသည်........။

တဖြည်းဖြည်းဦးခေါင်းထက်ရောက်လာသည့်နေမင်းကြောင့်လေ့ကျင့်မှုကိုရပ်နားလိုက်လေသည်.......။

" ကြိုးစားလှချည်လားစစ်သူကြီးရဲ့.."

" အာ..အဲ့လောက်မဟုတ်သေးပါဘူး.ပြီးတော့ရှင်ဘုရင်ကိူယ်တိုင်ကတောင်ရာထူးမပပ်နှင်းရသေးဘူး....အစ်ကိုကနောက်နေတာပဲ..."

" ဟာမနောက်ရဘူးကွာ.....မင်းကစစ်သူကြီးအလောင်းလျာလေးပဲလေ...ဒီကြားထဲမင်းဦးဆောင်လာတဲ့တိုက်ပွဲတွေကိုလဲကြည့်အုံး.....ဒိလောက်တော့ရထိုက်ပါတယ်.."

" အစ်ကိုဝမ်စန်း....ကျွန်တော်ကြိုးစားတယ်ဆိုတာကကျွန်တော်ပျော့ညံတဲ့လူဆိုတဲ့နာမည်ကြီးမရချင်လို့...ပြီးတော့...ကျွန်တော်ကအိမ်တော်မှာတ်းဦးတည်းသောယောကျာၤးလေးလေ..ဒီလောက်ကတော့တတ်သင့်တာသေချာပါတယ်.....ဘာမှပုံသေသတ်မှတ်လို့မှမရတာ......."

ဝမ်စန်းမိမိရှေ့မှရင့်ကျက်လွန်းလှသည့်ထိုကောင်လေးကြောင့်အရှူံးပေးရန်သာ.....။

" အေးပါ....ငါရှုံူးပါတယ်...တစ်နေ့တစ်ခြားမင်းကစကားရောတစ်ခြားအရာတွေပါထူးချွန်လာတာကိုယ်တကယ်သိပါတယ်..."

ထို့နောက်မိမိရှေ့မှအကျႌအားချွတလိုက်သည့်ထိုကောင်းလေးအားသေချာကြည့်မိသည်.....။

ကျစ်လစ်မှုမရှိသေးသွယ်လွန်းသည်......ထိုခန္ဓာကိုယ်လေးသည်မနိုင်ဝန်ထမ်းထားသကဲ့သို့ကိုယ်ပေါ်၌မရေတွက်နိုင်သောဒဏ်ရာများလည်းရှိနေသည်.........။

Devil system (Unicode)Where stories live. Discover now