Arc3-7

2K 215 1
                                    

" မယ်တော်ကိုဂါရဝပြုပါတယ်..."

ဟန်ရွယ်သူ၏မယ်တော်ဆီသို့ရောက်နေခြင်း........။
သူ၏စိတ်ထဲတွင်ရှိနေသည်ကမူလဇာတ်ကောင်၏ပျောက်နေသည့်မှတ်ဉာဏ်တို့အားပြန်ရှာရန်......။

" ဘာကိစ္စရှိလို့လဲအားရွယ်.."

" မယ်တော်...ဒီအသက်အရွယ်အထိသားဘာကိုမှမသိချင်မမေးခဲ့ဘူး....ခမည်းတော်ကသားတော်ကိုဘာကိစ္စကြောင့်အဲ့လောက်မုန်းနေရတာလဲ...ပြီးတော့..မိဘတိုင်းကကိုယ့်သားသမီးကိုအဲ့လောက်မုန်းတီးစရာလိုလို့လား.."

လောင်ဖူးရန်သူ၏သားဖြစ်သူအမေးကြောင့်သက်ပြင်းကိုသာခပ်ပြင်းပြင်းချလိုက်၏.......။

" မယ်တော်တောင်းပန်ပါတယ်...အားရွယ်...နောက်ပိုင်းကျရင်သားနားလည်လာမှာပါ......ဒါပေမဲ့..ဘာကြောင့်ဖြစ်ဖြစ်..ဘယ်သူ့ကိုမှမယုံပါနဲ့...ဥပမာ..မယ်တော်ကိုယ်တိုင်ကိုရောပေါ့.."

လောင်ဖူးရန်သူ၏သားဖြစ်သူအားပြောပြချင်ပါသော်လည်းသားဖြစ်သူ၏အသက်အန္တရယ်နှင့်ဆိုင်နေသည်မို့အတတ်နိုင်ဆုံးဖုံးကွယ်ရန်သာ........။

" သွားနားလိုက်ပါအားရွယ်.."

ဟန်ရွယ်သူမိခင်ဖြစ်သူ၏စကားတို့အားနားမလည်သော်လည်း...အခန်းဆီသို့သာပြန်လာလိုက်သည်...်အခန်းထဲသို့ရောက်သည်နှင့်ကုတင်ပေါ်သို့လှဲလိုက်သည်......။

" ဘာတွေများဖုံးကွယ်ထားတာတုန်း...သိရမလားထင်ပြီးသွားမေးမိပါတယ်...မပြောဘူးပဲ..နောက်ဆုံးတော့ငါ့ဘာသာပဲစုံစမ်းရတော့မှာပေါ့..."

ထို့နောက်အိပ်ပျော်သွားသည့်ကောင်လေးတစ်ဦး၏အိပ်မက်ထဲတွင်တော့.....

သိပ့လှလွန်းသည့်ဇ်ီးပန်းပွင့်ဥယျာဉ်ကြီးနှင့်ထိုဥယျာဉ်ကြီး၏ကြွေကျနေသောဇီးပန်းပွင့်လေးများနှင့်အတူဆော့ကစားနေသည့်ကလေးငယ်တစ်ဦး......။

အမြင်တို့ကဝေဝါးနေသည်မို့မည်သူမည်ဝါမှန်းမသိသော်လည်း....
ထိုကလေး၏ပါးစပ်မှထွက်ကျလာသည့်အမည်နာမတစ်ခု....

" အားရွယ်..."

' အားရွယ်...ငါ့ိကိုခေါ်နေတာပဲ ..အဲ့တာဘယ်သူလဲ...´

Devil system (Unicode)Where stories live. Discover now