Arc2-10

2.5K 267 3
                                    

Sinရုံကိုရောက်သည်နှင့်တွေ့လိုက်ရသည့်ဇာတ်လိုက်မကြောင့်ကြောင်သွားသည်....။

' ဟင်...သူက...ဇာတ်လိုက်ဆီမှာအလုပ်လုပ်ရမှာလေ...ဘယ်လိုလုပ်ဒီရောက်နေတာလဲ..´

နောက်မှမိမိကိုမြင်သွားသည်ထင်၏....

' Morning ပါဆရာ..´

Sinရှေ့မှ...မိမိထက်အသက်ကြိးသောသူထံမှဆရာဟူသောအသံကြားရ၍တောင့်တောင့်ကြီးဖြစ်သွား၏....

သို့သော်လည်း..

" ဟိုလေ...ကျွန်တော့်ကိုဆရာလို့မခေါ်လဲရပါတယ်.....ဒီအတိုင်းSinလို့ပဲခေါ်ပါ.."

" ဟုတ်ကဲ့.."

Jemyမိမိရှေ့မှကောင်လေး၏စကားတို့ကြောင့်စိတ်ထဲတော့ကြည်နူးမိသည်....။

Sin...မနေ့ကDe၏ပြောပြမှုကြောင့်..Jhonမကြောင်းသိခဲ့ရသည်......။

ယခုJhonကသူ၏မွေးစားမိဘများပိုင်သည့်Companyအားဦးဆောင်နေသည်...။

တကယ်လို့မိမိသာJhonကိုအသုံးချလိုက်လျှင်.....မိမိလုပ်မဲ့ကိစ္စများပြီးရန်အချိန်အများကြီးပေးစရာမလိုတော့ပေ.....

ထို့နောက်နှိပ်လိုက်သည့်နံပါတ်တစ်ခု..........။

*****************************************

At Hongkhong.....

' ကလင်...ကလင်...ကလင်..´

Jk Companyကြီး၏....တစ်နေရာ.....။

ငယ်ရွယ်သော်လည်း....Companyတစ်ခုလုံးအားဦးဆောင်နေသည့်ကောင်လေးတစ်ယောက်.....။

အနီရောင်ဆံနွယ်တို့အားအပေါ်သို့လှန်တင်ထားသည်ကြောင့်ပေါ်နေသည့်မျက်နှာလေးကသွယ်တန်းနေ၏.....။

ထို့အပြင်နိုင်ငံခြားသားရုပ်ဆင်နေသည့်ပုံစံလေးကြောင့်...တစ်မျိုးတစ်ဖုံဆွဲဆောင်မှုရှိနေ၏.......။

ထို့နောက်ထွက်ပေါ်လာသည့်ဖုန်းသံကြောင့်.....

ကွန်ပြူတာပေါ်၌အလုပ်ရှုပ်နေသည့်လက်အစုံတို့က......

" ဟယ်လို.."

တစ်ဖက်မှပြောလာသည့်စကားသံကြောင့်.....

" Sin.."

*****************************************

Sin..Jhonအားဖုန်းခေါ်လိုက်ပြီးနောက်မိမိဆီသို့အလည်လာရန်ခေါ်လိုက်သည်.....။

Devil system (Unicode)Where stories live. Discover now