Arc1-4

3.2K 330 1
                                    

" တောက်စ်...တော်တော်မိုက်ရိုင်းလာပါလားRoyan..
အေးလေ..ငါအခုအချိန်မင်းကိုပြန်မတိုက်နိုင်သေးတော့မင်းကနိုင်ပြီထင်နေတာပဲ.....သိပ်မကြာတော့ပါဘူး...အခုဆိုငါကမှော်နက်စွမ်းအားလဲရတော့မှာဆိုတော့..အဲ့အစွမ်းကိုရောမင်းအာခံနိုင်အုံးမလားငါသိချင်သေးတယ်........နောက်ဆုံးမင်းရဲ့ညီမလဲငါ့ဆီပဲရောက်လာရမှာ.......ဟား....ဟား....ဟား...ဟား!!! "

Royanသည်အခုအချိန်တွင်စွမ်းအားအကြီးဆုံးလူဖြစ်နေသော်လည်းနောက်ပိုင်းတွင်မိမိ၏မှော်နက်စွမ်းအားကသာအောင်နိုင်မည်ဖြစ်သည်....။

Orchatတစ်ကိုယ်တည်းကြုံးဝါးပြီးသောအခါ.......ဆရာသခင်ဆီသွားရမည်ဖြစ်သောကြောင့်ထွက်ခွာလာလိုက်သည်....။

o==[]::::::::::::::::>o==[]::::::::::::::::>o==[]:::::::::

ယနေ့သည်မိမိAdamအားစွမ်းအားစတင်လေ့ကျင့်ပေးမည့်ပထမဆုံးနေ့ဖြစ်သည်........။

ထို့ကြောင့်နန်းဆောင်တွင်လေ့ကျင့်မပေးပဲတောတွင်းကိုသာခေါ်လာလိုက်သည်....ဤနေရာသည်မိမိစွမ်းအားလေ့ကျင့်နေကျနေရာဖြစ်သည်......။
စိတ်အပန်းဖြေသောနေရာဆိုလဲမမှားပေ....။

သို့သော်လည်းAdamအားလေ့ကျင့်ရန်ဤနေရာကိုပင်ခေါ်လာလိုက်သည်......။Adamသည်ယခုအချိန်ဘာစွမ်းအားမှမရှိသေးသူတစ်ယောက်....လုပ်ကြံသူရှိလျှင်လဲခနအတွင်းအသက်ပျောက်နိုင်သည်......။

မူလဇာတ်ကြောင်းတွင်ဇာတ်လိုက်မ၏အစ်ကိုအသတ်ခံရ၍ဇာတ်လိုက်မပါအသက်အန္တရာယ်ကြုံလာမှသာစိတ်စွမ်းအားကပေါ်လာကာမှော်တိုင်းပြည်တစ်ခုလုံးအသက်ဆုံးရှုံးခဲ့ရသည်မဟုတ်လား....။

ထို့ကြောင့်ယခုအချိန်မှစ၍မှော်စွမ်းအားကိုသိလျှင်ထိန်းချုပ်နိုင်လာပေလိမ့်မည်....။ထိုအခါမှမျိုးနွယ်စုပျက်သုဉ်းမည့်ဘေးကပါကာကွယ်ပြီးသားဖြစ်ပေမည်.....။

နေရာကိုရောက်လာတည်းကယခုမှမြင်ဖူးသောကလေးငယ်သဖွယ်စူးစမ်းနေသောထိုလူသားကြောင့်....မိမိကပင်စကားကိုစတင်လိုက်လေသည်....။

" ဒီနေရာကငါ့ရဲ့ကိုယ်ပိုင်နေရာလေ....ဒီနေရာကိုတစ်ခြားမှော်စွမ်းအားရှင်တွေတောင်မတွေ့ရဘူး...ကိုယ့်ရဲ့အထူးအစွမ်းနဲ့ကာကွယ်ထားတာ...မင်းကအခုအချိန်ကိုယ့်စွမ်းအားတောင်သေချာမသိရသေးဘူးဆိုတော့..အပြင်မှာဆိုအန္တရာယ်များတော့ဒီနေရာပဲရွေးလိုက်တာ...မင်းအေးဆေးလေ့ကျင့်လို့ရတယ်...အခုမင်းစလုပ်ရမှာကစိတ်စွမ်းအင်ကိုအရင်လေ့ကျင့်ရမယ်....အဲ့ဒီအတွက်မင်းရဲ့စိတ်ကတစ်နေရာကိုပဲစုစည်းပြီးရင်ခန္ဓာကိုယ်ကိအပေါ့ပါးဆုံးထားထားလိုက်.....ဒါဆိုမင်းရဲ့ခန္ဓာကိုယ်ကစိတ်နဲ့တစ်သားတည်းဖြစ်သွားပြီးတော့....စေလိုသလို့ရွေ့လျှားသွားလိမ့်မယ်...အခုအဲ့စွမ်းအင်မရမချင်းမင်းဒီမှာပဲလေ့ကျင့်နေရမယ်...."

Devil system (Unicode)Where stories live. Discover now