2

3.2K 365 25
                                    

ညနက့်ပိုင်းသို‌ေရာက်လာသည်နှင့်
ငြိမ့်ညောင်းသော တေးသံတချို့ လွှင့်ပျံနေလိက်ရှိသော  သူတို့ ဘားလေး
အတွါင်း ဧည့်သည်တွေ တဖြေး‌ေဖြးများလာခဲ့သည်။

သူအလုပ်လုပ်တဲ့ Sky ၊bar ဆိုတာ
သာမာန်ဘားတခုတော့မဟုတ်ပါ။
လူကုံတန် တွေသာ လာနိုင်သည်အထိ
အစားအသောက်မှနိသမျှဟာ ဈေးကြီးလွန်းလှသည်။

အခုကျတော် သုတ် နေတဲ့ ယာမကာပုလင်း
လေးဆို ကျတော် လစာထက် ၅ဆလောက်မက ရှိနေနိုင်သလို ၊ တချိုတချို့ ယာမကာ
ပုလင်းတွေဆို ကျတော် မကြားဖူးတဲ့ ဈေးနှုန်းတွေတောင် ရှိသေးသည်။
ဒါကြောင့် ထိုပုလင်းလေးတွေကို ဂရုတစိုက်
တန်ဖိုး တထားဖြင်းသုတ်နေခဲ့မိတုန်း။

"ဟိတ် ကောင်လေး!!!"

ကျတော် နဲ့ မျက်စောင်းထိုးနေရာမှာထိုင်နေတဲ့ ဧည်သည်ဆီမှ ထွက်ပြောလာသောအသံကြောင့် လက် ထဲ ပုလင်းလေးကို ဖြေးညှင်းစွာချရင်း အနားသွားလိုက်မိသည်။

တယောက်ထဲ လာသောက်နေပုံရတဲ့
ထိုဧည်သည်ဟာ ရောက်နေတာ ကြာပြီဖြစ်သလို အတော်အတန်လဲသောက်ထားပြီနှင့်လို မျက်လုံးတွေမူမမှန်တော့ကြောင့် သူသတိထားမိခဲ့သည်။

"ဟုတ်ကဲ့ ၊ ဧည်သည့် ဘာများလိုအပ်ပါသလဲ"

သူပြန်ဖြေသံအဆုံး ရယ်ကျဲကျဲဖြင့်သူ့ခေါင်း
ကအစခြေအဆုံး ကြည့်လာတဲ့ ဧည်သည်ကြောင့် စိတ်ထဲနောက်ကြည့်သွားပေမယ့်
မျက်နှာတွင် မပေါ်လွှင်အောင် ထိန်းထားရသညါ။

"ဧည့်သည်!!ဘာများ ~~"

ရုတ်တရက်သူလက်ကို လှမ်းဆွဲလိုက်တဲ့
ဧည့်သည်ကြောင့် မျက်နှာနှစ်ခုဟာ ထိကပ်မကပ် နီးကပ်သွားရသညါ။
ထိုအချိန် ထိုလူနှုတ်ကကြားလိုက်ရတဲ့
စကားသံတွေကြောင့် လက်သီးကို တင်းကြပ်စွာဆုပ်ထားလိုက်မိသည်။

"ကြားရတဲ့အတိုင်း မင်းက အချောလေးပဲ "

"ဧည့်သည် မူးနေရင်!!"

"ငါမူးတယ်လို မင်းကိုဘယ်သူပြောလဲ!!
ငါကမင်းရဲ့ဧည့်သညါ  ငါပြောတာမှန်သမျှ
ဖြည့်စည်းပေးရမှာ မင်းတို့တာဝန်!!"

သေချာပေါက်မူးပြီး ရစ်နေမှန်းသိလိုက်ရတာမို့ ထိုလူလက်ထဲကသူလက်မောင်းလေးကို
ရုန်းထွက်ပေမယ့် တင်းကြပ်စွာ ဆုပ်ကိုင်လာပြန်တဲ့ ထိုလူသားကြောင့် ဒေါသတွေဟာ
တဟုန်တိုးထွက်လာရမိတော့သညါ။

Same But Different ☑️ Complete Where stories live. Discover now