37

3.5K 418 77
                                    

မိုးရေစိုနေတဲ့သူကို ပွေ့ချီလာခဲ့တဲ့ သူဠေးက
သူ့အခနိးက ရေချိုးခန်းထဲထိခေါ်လာရင်း
လဲဝတ်ဖို့အဝတ်အစားတွေပါထုတ်ပေးပြန်ခဲ့တယ်။
တီရှပ်အပွကြီး နဲ့ ဒူးတိချည်သားဘောင်းဘီ
တထည်။

"အခုထိ မပြီးသေးဘူးလား?"

ရေချိုးခန်းထဲ၌ အတွေးများနေတဲ့သူကို အပြင်ကအသံပြုလာတော့မှ ခပ်မြန်မြန်ဝတ်စားရင်း အပြင်သို့ထွက်လာခဲ့လိုက်မိသည်။

"လာ ထိုင်!!'

ကုတင်ထက်က
မွေ့ယာအိအိလေးကိုပုတ်ပြရင်း အနားလာဖို့ ခေါ်နေတဲ့သူဠေးကို နားမလညါနိုင်စွာကြည့်မိသလို မိုးရည်ထဲမှ အခိုက်အတနိ့ကိုတွေးမိတော့ မျက်နှာတခုလုံးပူထူလာခဲ့ပြန်တယ်။

ရင်တွေလည်း မတရားကို ခုန်နေခဲ့တယ်ဆိုတာလေ~~ အပြင်ကိုပေါက်ထွက်မတက်ဘဲ။

"ဟင့်!!"

သူကုတင်ပေါ် ထိုင်လိုက်သည်နှင့် ကြမ်းပြင်ပေါ် ဒူးတ‌ဖက်ထောင်ကာ ထိုင်ချလာတဲ့ သူဠေးက သူခြေထောက်မှ ပေါက်ပြဲသွားသော ဒဏါရာလေးကို ဆေးထည့်ပေးခဲ့လာသည်။

သူဆီက အလန့်တကြားဖြစ်ကာ ထွက်ပေါ်လာတ‌ဲ့ အသ‌ံကြောင့် မော့ကြည့်လာတဲ့သူဠေး။

အဝတ်အစားသာလဲထားပေမယ့် ရေသုတ်ဖို့အတွက်တော့
မေ့လျော့နေလားမသိ ၊ ဆံသားတွေမှ ရေစက်ရေပေါက်တွေကျနေခဲ့တာ။

" မထိခိုက်အောင်နေဖို့ ပြောခဲ့ရဲ့သားနဲ့!!'

အရုပ်လေးတွေပါတဲ့
ပလာစတာလေးကို သေချာကပ်ပေးအပြီး
သူဠေးက လေသံဖျော့ဖျော့လေးနဲ့ ဆူလာတော့ သူရင်ထဲ ဘယ်လို ခံစားနေရမှန်းကိုမသိတော့~~

"ရင်ဘတ်ထဲက ဘာဖြစ်လို့လဲ?"

"ဟင့်?"

သူကိုယ်တိုင်တောင် မသိလိုက်ပါဘဲ ရင်ဘတ်နေရာလေးကိုဖိကိုင်ထားမိလိုက်တာကို
သူဠေးမှမေးမြန်းလာသည်။ သူဘယ်လိုဖြေလိုဖြေရမှန်းမသိ။

"ရင်ဘတ်တွေအောင့်လိုလား?"

"မ မဟုတ် မဟုတ်ပါဘူး ~~ ဟို သူဠေး
ခေါင်းတွေ စိုနေသေးတယ်~~"

လက်ညိုးကိုမဝင့်မရဲတိုးပြရင်း သူစကားလမ်းကြောင်းလွဲမိတော့ ရေစိုဆံပင်တွေ ဆွဲဖွလာရင်း ပြုံးလာခဲ့တဲ့ သူဠေး။

Same But Different ☑️ Complete Where stories live. Discover now