ရေချိုးခန်းထဲမှ ထွက်လာခဲ့တော့ ကုတင်ပေါ်
ထိုင်နေသော ဆော့ဂျင်ဟာ သူအနား ထလာခဲ့သည်။"ကျတော် ပြန်တော့မလို!!"
သူရေချိုးနေတဲ့အချိန်မှာ မပြန်သေးဘဲ
သူထွက်လာသည်အထိ စောင့်နေရသည့် အကြောင်းအရင်းကိုသိပေမယ့် ဆော့ဂျင်ကိုယ်လေးကို ရင်ခွင်ထဲ သွင်းကာ ပွေ့ဖက်မိတော့ သူကိုယ်လေးကို အလိုက်သင့်ပြန်ဖက်လာခဲ့တဲ့ဆော့ဂျင်။[ Note : ဂျောင်ကုက "ဆော့ဂျွန်း"ကို
"ဆော့ဂျင်"အနေနဲ့သိထားလို "ဆော့ဂျင်"
လို့သုံးရခြင်းသာ ]"ခင်ဗျား အတွက် ကျတော် ကော်ဖီ ဖျော်ခဲ့ပေးထားတယ် အခုကျတော် ပြန်ျတာ့မလို "
ပြန်တော့မယ်ဆိုသော စကားကို ထပ်ပြောလာပြန်တဲ့ ဆော့ဂျင်ကိုယ်လေးကို တင်းကြပ်စွာဖြင့် ပွေ့ဖက်ထားရင်း။
"လက်ထက်ရအောင် ဆော့ဂျင်
ကိုယ်တို့ လက်ထက်ရအောင်!!'______________________ ceo jeon 👑
နေရောင်ဆူးဆူးတို့ မျက်နှာပေါ်ကျရောက်လာလို လေးလံနေသေးတဲ့ မျက်ခွံတွေကို အားယူကာဖွင့်လိုက်ချိန်။
"ဟင့် ဟိုဆော့ဂါးး"
သူအိပ်ယာဘေးရောက်နေသူက ဟိုဆော့ဖြစ်နေလို နိုးနိုးလာခြင်းအံဩသွားရသည်။
"နိုးပြီလား မောင်မင်းကြီးသား !!"
"မင်းက ဘယ်အချိန်ထဲက ရောက်နေတာလဲ?"
" မင်းမနိုးခင်ထဲက အဘွားက ငါကို နံနက်စာ
လာစားဖို့ခေါ်ထားလို
ကဲ အိပ်ပုတ် ထတော့
မျက်နှာသစ် စားစရာအကုန် အဆင့်သင်ဖြစ်နေပြီ "ဟိုဆော့က ပွယောင်းနေတဲ့ သူဆံပင်တွေကို
ထပ်ဖွနေတာမို့ လက်ကိုပုတ်ချမိလိုက်ရင်း
မျက်နှာ တဖက်သို့ အလျင်အမြန်ပင် သပ်ချမိလိုက်တော့။" ကျစ်တူးလေးက ပဲများနေပြန်ပြီ "
ဆိုပြီး သူဆံပင်ကို ထပ်ဖွကာ ခပ်ကျယ်ကျယ်ရယ််ရင်း
အခန်းထဲက ထွက်သွားခဲ့လေတော့သည်။"ဝါး အနံ့တွေက ရှယ်ပဲ !!"
နနက်စာ စားဝိုင်းလေးမှာ ဝင်ထိုင်ရင်း
ပြင်ဆင်ထားသည် ပန်ကန်လေးကို အနံ့ခံနေသော ဟိုဆော့ကို ဆော့ဂျင်ဘုကြည့်ကြည့်မိသည်။
YOU ARE READING
Same But Different ☑️ Complete
Fanfictionမင်းကသူမဟုတ်မှန်းသိပေမယ့် ကိုယ်အနားက ထွက်သွားခွင့် မပြုနိုင်ခဲ့ဘူး ၊ မင်းကို သူထက်ပို ချစ်သွားလိုထင်ပါရဲ့ ။