48

3K 409 95
                                    

"ကိုကိုဆော့ဂျင် ဘယ်မှာလဲလို!!"

မကြောက်မလန့်သူနားတိုးပြီး ပြဲနေအောင်အော်လာတဲ့ မှင်စာလေး ။

"မပြောဘူးဆို မင်းကဘာလုပ်ချင်လဲ"

"သေချာပေါက် ဦးလေးကိုသွားပြောမှာပေါ့
ပြီးရင် ခင်ဗျားကြီး နောက်တခါဘယ်တော့မှ
ဒီကိုမလာနိုင်အောင်မောင်းထုတ်ခိုင်းမှာ "

လက်သီးလက်မောင်းတန်းပြီးပြောလာတဲ့
ဟာလေးကို ကုတင်ပေါ်မှာသွားထိုင်လိုက်ရင်း
စိုက်ကြည့်နေလိုက်တော့  နေကြာပန်းအရုပ်လေးကို သူအရှေ့ဝေ့ယမ်းပြလာလေရဲ့။

"သက်သေမရှိလို ဦးလေးက မယုံပါဘူးလို
ခင်ဗျားကြီးပြောမှာသိလို ဒီမှာကြည့်!!"

"ဘာလဲ နေကြာစေ့ စားချင်လိုလား!!"
သူခပ်နောက်နောက်ပြောလိုက်ပေမယ့်
ဒင်းဆီက ထွက်ပေါ်လာတဲ့စကားသံကြောင့်မျက်နှာထားတည်သွားမိသည်။

"ဒီအရုပ်က တခြားအရုပ်တွေလို အသံတွေမှတ်ပြီး ပြန်ပြောနိုင်ရုံတင်မကဘူး ၊ နာရီဝက် တနာရီစာလောက် ပြောတဲ့စကားတွေကို သိမ်းထားလိုရတယ် ~~
နေကြာစေ့ကိုတော့ ဒီအရုပ် ဦးလေးဆီ
ပေးပြီးတဲ့အခါကြမှ သားထိုင်စားမယ်လေ "

သူလျော့တွက်မိတဲ့ မှင်စာလေးဟာ
သောက်ရမ်းကို ဦးနှောက်ကောင်းလွန်းတာမို့
ခေတ္တမျှ အကြပ်ရိုက်သွားရသည်။
သူစိတ်ဒုက္ခရောက်သွားသည်ကို
သဘောတကျ ရယ်လာတဲ့ဟာလေးက အရုပ်ပိုက်ကာ အခန်းအပြင်ထွက်သွားဖို့လုပ်နေလေရဲ့။

"ပတ်ဂျီမင်း!!!!"

"ဘာလဲ!!!"

"ရိုင်းလှချည်းလား?"

"ခင်ဗျားကြီးနဲ့တော့ မယဉ်ကျေးနိုင်ပါဘူး !!"

တခွန်းမကျန်ပြန်ခံပြောတဲ့ လက်မလောက်ဟာလေးကို တကယ်ကို ကိုင်စောင့်ချင်လာတာမို့ ကုတင်ပေါ်မှဆင်းလာကာ အနားတိုးသွားမိတော့~~သောက်ကလေးက
အရုပ်ကိုချက်ချင်းဆိုသလို အနောက်သို့ဖွက်လာသည်။

" အဟက် !! မင်းအရုပ်ကိုငါက လုမယ်ထင်နေတာလား?

"ပြောလိုရမလား ၊
ခင်ဗျားကြီးက ကျတော် ကိုကိုနေရာကို
တောင်လုထားသေးတာပဲ !!"

Same But Different ☑️ Complete Where stories live. Discover now