47

2.6K 378 41
                                    

ဗိုက်ကအူလိမ့်နေအောင် ဆာနေသလို
ဟိုဆော့ကိုယ်တိုင်လုပ်ပေးထားသည့် အစားအစားတွေကလည်း အရှေ့မှာရောက်နေပေမယ့် တတို့မျှပင် မထိတွေ့သေးပါ။

"ဂျင်လေး!!"

"ငါ စားချင်စိတ်မရှိဘူး ဟိုဆော့ !!"

"ဒါပေမယ့်မင်းဗိုက်ဆာနေတယ်မဟုတ်လား!!

"ဒါ ငါကိစ္စ မင်းနဲ့မဆိုင်ဘူး
ငါဘာသာ ငတ်ပြီးသေသေ !!"

"ဘာလို့မဆိုင်ရမှာလဲ ဆော့ဂျင်
မင်းကငါချစ်ရတဲ့သူ ငါရဲ့ကြင်ဖက်လောင်း
  မင်းကိစ္စမှန်သမျှ ငါနဲ့သက်ဆိုင်သလို ငါနဲ့လည်းပတ်သတ်တယ်"

"မင်းသာ ငါကိုတကယ် ချစ်တယ်ဆို ငါခံစားချက်တွေကို လစ်လျူရူမှာမဟုတ်ဘူးဟိုဆော့ ~~ ပြီးတော့
ငါ ငါ မင်းကိုမချစ်ဘူး
ငါချစ်တာ ဂျွန်!!!
မင်းတို့ပြောသလို ဂျွန်နဲ့ပတ်သတ်ခွင့်မရှိဘူးဆိုရင်တောင် ငါရင်ထဲ သူအမြဲရှိနေမှာ!!"

သူစကားကြောင့် ဟိုဆော့မျက်လုံးတွေအရောင်လဲ့နေသွားပေမယ့် ချက်ချင်းဆြိသလို နှုတ်ခမ်းတွေက ပြုံးလာခဲ့ကာ။

"ငါအလျင်မလိုပါဘူး ဂျင်လေး
တဖြေးဖြေးနဲ့ မင်း‌စိတ်ပြောင်းသွားတဲ့အထိ
ငါစောင့်မှာပါ ၊ ဒါပေမယ့်  မင်းက‌ေတာ့ ငါ‌ေဘးမှာဘဲ အတူရှိနေရမှာ!!
ကဲ!!
မင်းဒီမုန့်တွေမစားချငိဘူးဆိုလည်း ထားလိုက်ပါ ၊  အပြင်ကြမှစားတာပေါ့ "

"ငါ~~

"အဘွားနဲ့တွေ့ဖို့သွားရအောင်!!

ဒီစကားကိုတော့ သူ မငြင်းဆန်မိတော့။
အဘွားကိုအရမ်း လွမ်းနေမိတာမို့
ဟိုဆော့ ဘယ်တုန်းက ဝယ်လိုက်မှနိးမသိတဲ့ ကားအသစ်ကြီးနဲ့ အဘွားရှိရာ
ဆေးရုံသို့ထွက်လာခဲ့သည်။
သို့ပေမယ် market တခုနားက ကားပါကင်သို့
ကွေ့ဝင်လိုက်တဲ့ဟိုဆော့ကြောင့်။

"ဘာလို့ ဒီကိုမောင်းလာတာလဲ ဟိုဆော့!!"

"မင်းတခုခုစားရမယ်လေ!!"

"ငါမစား~~

"အစားပုတ်လေးကို
နံနက်စာစားမှ အဘွားနဲ့ပေးတွေ့မှာပါနော်

နံနက်စာလေးတခါမစားလိုက်ရတာနဲ့
ခေါင်းမူးတဲ့ဆိုတဲ့ မင်းက မနေ့ညထဲက ဘာမှမစားဘဲနေနေတာ အဆင်မပြေမှန်း ငါသိတာမို့ ငါကိုလိမ်ဖို့မကြိုးစားန‌ဲ့!!"

Same But Different ☑️ Complete Where stories live. Discover now