final

5K 408 82
                                    

" ဂျွန်ဂျောင်ကု ခင်ဗျားအခုဘယ်မှာလဲ!!!"

"ဘာလုပ်ဖို့လဲ မင်းက!!!"

ဖုန်းကိုင်လိုက်သည်နှင့် ကျယ်လောင်စွာထွက်ပေါ်လာသည် ဟိုဆော့အသံ။
လူကစိတ်ကြည်လင်နေတာမဟုတ်သလို
ကားတဖက်လည်းမောင်းနေရသည်မို့
ခပ်မာမာပင်ပြန်မေးခွန်းထုတ်လိုက်တော့သည်။

"အိမ်မှာလား အခု?"

" ရူးနေလို ငါက အိမ်မှာနေရမှာလား ?
Gangwon-do သွားနေတာ
ကင်မ်ဆော့ဂျွန်းက အာ့ဒီမှာရှိနေတယ်ဆိုလို!!"

"Shiit!!
အခု အိမ်အမြန်ဆုံးပြန် ဂျွန်ဂျောင်ကု
ကျတော်လည်း အာ့ကိုလာနေတာမို့

ကင်မ်ဆော့ဂျွန်းက ခင်ဗျားကိုလှည့်စားနေတာ အခုသူက ခင်ဗျားအိမ်အနောက်က
ဂိုထောင်ထဲမှာတဲ့
အခုပဲ ဖုန်းဆက်ပြီး ဆော့ဂျင်ကို လာ ခေါ်သွားဖို့ပြောနေတယ်"

"ဘာ ခွေးစကား လာပြောနေတာလဲ
ဘယ်လိုလုပ်ပြီး ငါအိမ်ထဲမှာ  !!'

"ခင်ဗျား သောက်လုံးနဲ့ အာ့ဂိုထောင်ထဲ
မှာသူ မရှိဘူးဆိုတာကို အတည်ပြုခဲ့လိုလား
မပြုခဲ့ဘူးဆို ခင်ဗျား သောက်ပေါက်ပိတ်ပြီး အိမ်ကိုအခုပြန်!!"

ဒီတော့မှ သူအတွေးထဲဝင်လာသည်က
CCTV !!

ဒါကြောင့်ဆော့ဂျွန်း ပြန်အထွက်ကို မရိုက်ကူးမိတာပဲ။
သူအရမ်းထူပူပြီး ခြံထဲကို မစစ်ခဲ့မိသလို ၊
ခြံထဲစစ်ဖို့လည်း မပြောမိလိုက်ဘူး။

" Shibal!! "

ဟိုဆော့ဖုန်းကိုမချခင် ထပ်ဝင်လာသည်က
အိမ်မကြီးထဲက အထိုင်ဖုန်းပင်။

"အန်တီယွန်း ပြော!!"

" သူဠေး  အိမ်ကိုဖုန်းဆက်သေးလား?"

"မဆက်မိဘူး အန်တီယွန်း
ဘာဖြစ်လို့လဲ? "

"ဒါဆို ဆော့ဂျင်လေးက ဘာလို့လိမ်ခဲ့ပါလိမ့်?"

"အန်တီယွန်း စကားကြောမရှည်ဘဲ
မြန်မြန်ဖြေ ၊ ဆော့ဂျင် ဘာဖြစ်လို့လဲ?"

" ဆော့ဂျင်ပျောက်နေလို သူဠေး!!"

တုန်လှုပ်စွာဖြင့် ပြောလာတဲ့ အန်တီယွန်းစကားကြောင့် သူကားကို( ဂငယ် )ကွေ့  အလျင်အမြန်ကွေ့ချမိကာ အန်တီယွန်းကို
သေချာအောင်ပြန်မေးတော့။

Same But Different ☑️ Complete Where stories live. Discover now