အိမ်ကိုရောက်ရောက်ခြင်းကြားလိုက်ရသည့်စကားက သွေးနားထင်စောင့်တက်သွားစေသည်။
အကိုလေးဆော့ဂျင်က အလောတကြီး အိမ်ပြန်လာပြီး
ဂျီဂျီလေးကို ဆွဲခေါ်သွားသည်တဲ့။အခုထိ ဆော့ဂျင်နဲ့ ဆော့ဂျွန်းကို မခွဲခြားတက်သေးတဲ့ သူတွေက တားမြစ်ခြင်းမပြုခဲ့ကြလို သူစိတ်တိုမိသလို ဒီလူယုတ်မာ လက်ထဲ ရှိနေတဲ့ ဂျီဂျီလေးကို စိုးရိမ်လာခဲ့သည်။
ဒီအချိန်သူကြောင့်ဆိုပြီး မျက်ရည်တွေဝဲကာ ကိုယ်ကိုအပြစ်တင်နေခဲ့တဲ့ ဆော့ဂျင်ကို
စိတ်ငြိမ်အောင်ချော့ပြောခဲ့ရင်း အခန်းထဲမှာ နားစေတော့။"ဟင်အင်း ဂျွန်
ကျတော်လည်း ဂျီဂျီကိုလိုက်ရှာမယ်
အခုလိုကြီး မနေချင်ဘူး!!""အရမ်းကြီးစိတ်မပူပါနဲ့ ဆော့ဂျင်ရယ်
ကိုယ်အခု ရဲစခန်းကိုလည်း တိုင်ချက်ဖွင့်လိုက်ပြီ ၊ ဒါရိုက်ဘာ လီ တို့လဲ လိုက်ရှာနေသလ်ု
ကိုယ်လည်း အခု လိုက်ရှာမှာမို့"" ဒါပေမယ့်လည်း ကျတော် အိမ်မှာမနေချင်ဘူး ၊ ဂျီဂျီလေးကို အကိုက တခုခုလုပ်လိုက်ရင်ဘယ်လိုလုပ်မလဲ!! ကျတော် စိတ်အရမ်းပူနေပြီ ၊ ဂျွန်ရယ်
အာတာတွေ အကုန် ကျတော်ကြောင့် !!
ကျတော်မကောင်းလို~~
ကျတော်သာ~~" ဆော့ဂျင် တော်တော့
ကိုယ့်ကိုကိုယ် အပြစ်တင်တာရပ်လိုက်တော့
စိတ်ပူတာကိုသိပေမယ့် ဒါတွေက မင်းကြောင့်မို့ အခုလိုဖြစ်လာတာမဟုတ်ဘူး ၊
ကင်မ်ဆော့ဂျွန်းတခုခုလုပ်တိုင်း မင်းက
အပြစ်မကင်းသလို ခံစားချက်တွေဖျောက်လိုက် !!"ဂျွန်!!"
"အဖျားလဲရှိနေတာမို့ အိမ်မှာနေနေလိုက်
ကိုယ်သေချာပေါက် ဂျီဂျီလေးကို ပြန်ခေါ်လာမှာမို့ !!"နွေးနေတဲ့ နဖူးပြင်လေးကို ဖိနမ်းရင်း
အိမ်ထဲ ထွက်လာခဲ့ချိန် ခြံထဲက cctvတွေထဲမှာ ဆော့ဂျွန်းခြံထဲအဝင်ကိုသာ မြင်တွေ့ရပြီး
ပြင်ထွက်သွားတာကို
ရိုက်ကူးထားမိခြင်းမရှိတာကိုတွေလိုက်ရသည်။"ဒါ ဘယ်လိုဖြစ်တာလဲ
ဘာလို့ ပြန်ထွက်သွားတာက်ု မရိုက်ထားမိရတာလဲ?"
YOU ARE READING
Same But Different ☑️ Complete
Fanfictionမင်းကသူမဟုတ်မှန်းသိပေမယ့် ကိုယ်အနားက ထွက်သွားခွင့် မပြုနိုင်ခဲ့ဘူး ၊ မင်းကို သူထက်ပို ချစ်သွားလိုထင်ပါရဲ့ ။