51

2.9K 357 34
                                    

"ဟိုလေ ဂျွန်~~  ဂျွန်ကဘယ်ဘက်အခြမ်းမှာအိပ်မှာလဲဟင်?"

ဟိုတယ်မှပေးထားသည် bathrobe ကိုလဲနေတုန်း ကုတင်ကိုလက်ညိုးညွှန်ကာမေးလာတဲ့
ဆော့ဂျင်က အူတူတူပုံစံလေးဖြင့်။

"ဒီကုတင်မှာ ကိုယ်တို့အိပ်မှာလေ
အခြမ်းရွေးစရာလိုသေးလို့လား?"

"လို လိုတာပေါ့ ၊ ကျတော်က ညာဘက်အိပ်ရင် ဂျွန်ကသေချာပေါက် ဘယ်ဘက်အခြမ်းမှာအိပ်ရမာပေါ့ !!"

နှုတ်ခမ်းတထော်ထော် ၊ လက်ညိုးတညွှန်ညွှန်နဲ့ရှင်းပြလာတဲ့ ဆော့ဂျင်က သူကို တသီးတသန့်အိပ်စေချင်ပုံရသညါ။
နှစ်ယောက်ခန်းမယူထားဘူးပြောတုန်းကလည်း ဆူပုတ်ပုတ်နဲ့ကြည့်လာသေးတာ။

" မှိုဖြူလေးက ဘယ်ဘက်အိပ်မလဲ
ရွေးလိုက်
ကိုယ်ဦးစားပေးလိုက်မယ် !!"

"ကျ‌ေတာ်ဒီဘက် နာရီရှိတဲ့ဘက် !!
ဒါဆို ဂျွန်က ဒီဘက်နော်!!"

ကုတင်ပေါ် ပြေးတက်သွားတဲ့ဆော့ဂျင်က
ခေါင်းအုံးလေးပိုက်ကာ ပြုံးပြုံးလေးပြောလာပေမယ့် သူစကားအဆုံး မျက်လုံးတွေပြူးကျယ်သွားခဲ့သည်။

"ဟင်အင်း ကိုယ်လည်း
အာ့ဘက်ပဲအိပ်မှာ!!"

"ဟာ့ ဒါဆို ကျ‌တော် ဟိုဘက်တိုး‌ေပးမယ်~~

"ဟင်အင်း~~ကိုယ်က မှိုဖြူလုံးလေး ရှိတဲ့ဘက်ရွေးမှာ!!"

ကုတင်ပေါ် ခုန်တက်လိုက်ရင်း ဆော့ဂျင်ဘေးမှာ ကပ်လဲလိုက်တော့မျက်လုံးအပြူးသားနဲ့ ချက်ချင်း ထထိုင်လာလေရဲ့။

"ဟုတ်ဘူးလေ!!"

"ဘာကို မဟုတ်တာလဲ?"

သူပါ လိုက်ထိုင်ရင်းမေးတော့ တခုခုကိုတွေးနေပုံရတဲ့ဆော့ဂျင်ကြောင့် ပါးနှစ်ဖက်ကို
ဖျစ်ညစ်လိုက်ကာ ။

"ကိုယ်ကိုလွမ်းနေတယ်လဲပြောသေး
အတူဖက်အိပ်လိုတောင်မရဘူးလား?"

"အာတာ အာတာကတော့ဟုတ်တယ်လေ
ဒါပေမယ့်
ဒီတိုင်း ကိုယ်ဘာသာ အိပ်ရအောင်လားနော်
မိုးတွေလဲရွာနေတော့လေ~~ နော် ~"

မဆီမဆိုင် မိုးကိုဆွဲထည့်သွားတဲ့ မှိုဖြူလုံးလေးက သွားဖြီးပြရင် ကုတင်တဖက်ကပ်ကာ
အိပ်ဖို့ပြင်နေလို ဘာမှမပြောဘဲ အတန်ကြာအောင် ဆိုက်ကြည့်နေလိုက်သည်။

Same But Different ☑️ Complete Where stories live. Discover now