40

3.3K 386 86
                                    


ဂျွန်တို့ကိုရှာမတွေ့လို ပြာပြာသလဲ ဖြစ်နေတုန်း အကွယ်မှထွက်လာတဲ့ လူတယောက်နဲ့
သူဝင်တိုက်မိသွားသညါ။
ဒီအတွက်သူတောင်းပန်ရန်ပြင်ပေမယ့်
ထိုလူကသူလက်ကို ရုတ်ချည်းစောင့်ဆွဲလာလို လန့်ဖြန့်သွားသည်။

ဦးထုတ်အမဲကိုငိုက်ငိုက်စောင်းထားသည်အပြင် maskအနက်ရောင်ကိုပါ တက်ထားလို
ဘယ်သူဘယ်ဝါမှန်းသိခွင့်မရခဲ့တာကြောင့်
သူရုန်းကန်ပေမယ့် စာအုပ်စင်တွေရှိသည့်နေရာထိ ပါလာခဲ့သည်။

ဂျွန်ရောက်လာတော့မှ ထိုလူကသူလက်ကို
လွှတ်သွားပေးလိုက်လို သူမှာ လဲကျသွားရသည်အထိ။

ဒါကို ဂျွန်က ထပ်အောါတော့ ကြောက်နေတာရောါ အားငယ်သွားတာပါ ပေါင်းပြီး ငိုမိသွားခဲ့သည်။ ပြီးမှ ရရှိခဲ့တဲ့ ဂျွန်ရဲ့ နှစ်သိမ့်မူတွေကြား ပျော်ဝင်သွားခဲ့သလို ဂျွန်ပေးတဲ့
အနမ်းတွေထဲ သူရစ်မူးနေခဲ့မိသည်။

သူတော့ရူးနေပြီထင်ပါရဲ့။

''ဘာတွေ တွေးနေတာလဲ!!!"

"ဗျာ!!!"

ဂျွန်ကိုဘေးမှာထားပြီးအတွေးလွန်နေတဲ့သူကို ကားမောင်းနေတဲ့ဂျွန်က
လက်တွေ့ဘဝထဲရောက်အောင် အသံပြုလာခဲ့သည်။

"မျက်နှာကပြုံးစိစိနဲ့မလို
ဘာအကြောင်းတွေးနေတာလဲမေးနေတာ !!"

"အာ့ ဘာမှ ဘာမှမဟုတ်ပါဘူး!!"

လက်ထဲက ဂျယ်လီ ထုတ်လေးကို ဘေးချရင်း သူလက်ခါပြတော့။

" မင်းလက်လာဆွဲတဲ့လူအကြောင်းတွေးနေတာမလား?

"အာ ဟုတ် ဟုတ်ကဲ့!!"

"သူအကြောင်းတွေးပြီး
မင်းက ပြုံးတယ်ပေါ့လေ "

မျက်ခုံးတွေမြင့်တက်သွားတဲ့ ဂျွန်က
သူဘက်လှည့်လာရင်း မေးခွန်းထုတ်လာတော့ သူမှာအယောင်ယောင်အမှားမှား။

"အလိုမဟုတ်ပါဘူး ပြုံးမိတာက~~"

ဂျွန်က သူစကားကို ဆုံးအောင် နားမထောင်ပါ။

"ဒီမှာကင်မ်ဆော့ဂျင် မင်းလိုအူတူတူ
ကြောင်တောင်တောင်နဲ့ လူကို
ဘယ်သူမှသဘောကျမှာမဟုတ်ဘူး

Same But Different ☑️ Complete Where stories live. Discover now