26

3.3K 442 61
                                    

ကင်မ်ဆော့ဂျွန်းနဲ့ တွေ့ရဖို့အရေးအတွက်
အကြောင်းရှာကာ သူဠေးဂျွန်အိမ်ကို ပထမအကြိမ်သွားခဲ့ပေမယ့် အခွင့်မသာခဲ့လိုတွေ့ခွင့်မရခဲ့။

ဆော့ဂျွန်းက ခြံနောက်ဖက်က အလုပ်သမား
တန်းလျားဆောင်မှာဘဲနေပြီး အလုပ်လုပ်ရရင်လည်း အိမ်မကြီးထဲမှာ လုပ်ခွင့်မရှိဘူးတဲ့လေ။

ပထမအကြိမ်မှာအလုပ်သမား‌ေတွဆီမှဒါတွေကိုသိလိုက်ရတော့ ဒုတိယ တခေါက်အတွက် ပိုအဆင်ပြေသွားသည်။
ဒါကြောင့် ဒီနေ့ သူဠေးဂျွန်ရဲ့ အရေးကြီးဖိုင်တွဲတခု ရုံးမှာကျန်ခဲ့သည်ကို အစထဲကသတိမပေးဘဲ  အိမ်ရောက်လောက်မည် အချိန်မှ ဖုန်းဆက်အကြောင်းကြားတော့
သူလိုချင်သည်အဖြေကိုရလာခဲ့သည်။

**အရေးကြီးကိစ္စမရှိရင် အိမ်ကိုလာပို့ပေးပါတဲ့**

မဆိုင်းမတွပင် companyမှ ပေးထားသည့်
ကားဖြင့် သူဠေးဂျွန်အိမ်သို့ဦးတည်လာခဲ့မိလိုက်သည်။

"သူဠေးက ရေချိုးခန်းထဲ အခုပဲ ဝင်သွားတယ်  "

အိမ်ထိန်းအဒေါ်ကြီးရဲ့ စကားကြောင့်
သူမှာတခြားကိစ္စတွေရှိသေးလို သူဠေးကိုမစောင့်နိုင်တော့ဘူးဟုဆိုကာ
ဖိုင်တွဲကို ပေးအပ်ခဲ့ရင်း သူ အကြံအစည်ကို အကောင်အထည်ဖော်ရန် ခြံဝန်းထဲသို့ထွက်လာခဲ့လိုက်သညါ။

အနောက်ဘက်ခြံဝန်းနားသို့ရောက်ရန်
အတော်အသင့် လျှောက်လာခဲ့ပြီးနောက်
တထပ် တိုက်အပုလေးတလုံးကိုဦးစွာတွေ့လိုက်ရသည်။

"ကဲ ဆော့ဂျင် စားပြီးတာနဲ့  ဟိုကြက်သွန်အိတ်တွေနွာထားနော်  မနက်ဖြန်အပြီး
အော်ဒါ မှာထားတာမို့ !!"

ဆော့ဂျင်ဆိုတဲ့စကားသံကိုကြားလိုက်ရသည်မို့ သူ့ခြေလမ်းတွေမြန်သွားကာ ထိုတိုက်အပုလေးဆီရောက်သွားမိသည်။
ဇလုံလေးထဲထမင်းရော ဟင်းတွေပါ ရော‌နှယ်ထားသည်များကို မြိန်ရှက်စွာစားနေသူက သူကိုမြင်တာနဲ့ လက်ထဲ ဇလုံလေးပြုတ်ကျသွားက အံဩတကြီးကြည့်လာသည်။

"ဟို ဟိုဆော့~~"

မျက်ရည်တွေရစ်ဝိုင်းလာပြန်ရင်း သူကိုပြေးဖက်လာသည်က အနောက်ပင်ယိုင်ကျသွားမတက်။ လက်တွေက သူခါးကိုအတင်းအကြပ်
ဖက်တွယ်ထားပြန်လို သူထိုလက်တွေကို ဖယ်ထုတ်ဖို့ကြိုးစားတော့
မမှီမကမ်းဖြင့် သူလည်ပင်း၌ဖက်တွယ်လာပြန်သည်။

Same But Different ☑️ Complete Where stories live. Discover now