17

2.2K 333 47
                                    

ဂျောင်ကုခရီးသွားလိုက်သည့်နေမှာဘဲ
ဆော့ဂျွန်း အိမ်ကအလုပ်သမားတချို့ကို
အလုပ်နားခိုင်းလိုက်သည်။ ဒါကိုတချို့က စော‌ဒကတက်လာကြတော့ ပိုက်ဆံဖြင့်ကောက်ပေါက်ကာ ရင့်သီးစွာဖြင့်ဆက်ဆံခဲ့မိသည်။

"အင်းး အဘွားပြော!!"

မကြာခင်ချိုးဖျက်တော့မည်ဖြစ်သော ဆင်းကဒ်လေးရှိနေသည့် ဖုန်းလေးသို့
အဝင်ကောလေးတခု‌ေရာက်လာခဲ့လို ဖြေကြားလိုက်မိသည်။

"အိမ်အသစ်ကအဆင်မပြေဘူးလား?"

"အဆင်မပြေတာထက် ဘာလို့အဘွားတို့က
ရုတ်တရက်ကြီး အိမ်ပြောင်းခိုင်းရတာလဲ
မြေးရယါ~ မြေးငယ်လေးလဲ အခုထိ ဆေးရုံက မဆင်းရသေးဘူးရယ်"

"ဆော့ဂျင်ကို စိတ်သစ်ကိုယ်သစ်နဲ့ ဘဝသစ်စနိုင်အောင် နေရာဌာန အသစ်လေး ဖန်တီးပေးလိုက်တာ ဘာပြသာနာရှိလိုလဲ!!"

"ပြသာနာတော့မရှိပါဘူး ဆော့ဂျွန်းလေးရယ်
ဒါပေမယါ့ နှစ်ပြောင်းများစွာနေလာခဲ့ပြီး
သံယောဇဉ်တွေတွယ်နေတဲ့
အိမ်လေးကို ထားရစ်ခဲ့ရမယ်ဆိုတော့
ရင်ထဲမကောင်းဖြစ်နေရုံပါ ၊
ဒါနဲ့ ဆော့ဂျွန်းလေး ညီလေးကို လာမကြည့်တော့ဘူးလား !!"

"ဟင်အင်းး ကျတော်မအားဘူး ၊
နောက်နေ့တွေလဲအားဖို့ရှိမှာမဟုတ်ဘူး"

"မြေးရယ် တရက်လောက်အချိန်လေးပေးပြီး
လာကြည့်လိုမရဘူးလား အငယ်လေးက
ဆော့ဂျွန်းလေး မင်းကို မျှော်နေရှာတာ !!"

"ကျတော်လာကြည့်လို ပတ်တီးဖယ်ရမယ့်
နေ့နီးမသွားဘူး၊ အနားမှာ သူနာပြုတွေ
ဒေါက်တာတွေတပုံကြီးထားပေးထားတာမို့
သူတို့ဂရုစိုက်ပေးလိမ့်မယ် "

ပြောရာကိုပြောပြီး ဖုန်းကိုသူဘက်မှ အရင်ချလိုက်မိသည်။

ပထမဆုံး ရည်ရွယ်ချက်ဖြစ်တဲ့
ညီငယ်ဖြစ်သူ‌ေဆာ့ဂျင်ကိုခွဲစိပ်ပေးဖို့နဲ့

အဘွားနဲ့ဆော့ဂျင်ကို သူကိစ္စတွေပတ်သတ်ပြီး ဂျောင်ကုရှာမတွေ့သွားနိုင်ရန် အိမ်အသစ်နေရာအသစ်ကိုရွှေပြောင်းခြင်းကတော့ အောင်မြင်ခဲ့ပြီ။

ဒုတိယအချက်အနေနဲ့ အိမ်အကူတွေနဲ့ ဟိုပေါက်စကို ပ ၊ ထုတ်ပြီး
ထိုအခန်းထဲသိုဝင်ရန်သာကျနိသည်။

Same But Different ☑️ Complete Where stories live. Discover now