49

3.6K 418 76
                                    

ဟိုဆော့နဲ့တူတူညစာစားရန်ပြင်နေတုန်း အဝင်ကောတခုကြောင့် ထထွက်သွားတဲ့ဟိုဆော့က သူကိုမသိစေချင်ပုံ။

ဖုန်းပြောပြီးပြန်ခါမှ နိုင်ငံခြားသွားမည်အတွက် အရေးကြီးစာရွက်တချို့အခုသွားယူရမည်ဟုဆိုလာတာကြောင့် သူစိတ်ညစ်သွားရသည်။

အိမ်အသစ် ၊ နေရာအသစ်မှာ
သူတယောက်ထဲနေခဲ့ရမည်ဆိုတာ
အဆင်မပြေပေမယ့် ဟိုဆော့ မစိုးရိမ်အောင်
ခေါင်းသာငြိမ့်ပြခဲ့မိသည်။

" ဟိုရောက်ရင်နေမယ့်အိမ်ပုံလေး ပြန်လာရင်
ပြမယ်နော် ဂျင်လေး!!"

အနွေးထည်အထူကြီးတထည်ကိုကောက်ဝတ်ရင်း သူကိုအိမ်ထဲမှာဘဲနေဖို့ ထပ်မှာလာတဲ့ဟိုဆော့ကြောင့် သူကလည်း
ဂရုတစိုက်သွားပြီးပြန်လာဖို့ ပြန်လည်မှာကြားလိုက်သည်။

"ဆော့ဂျင် ထမင်းစားပြီး
အိပ်ချင်ရင် ကိုယ်ကိုမစောင့်ဘဲ
အိပ်လိုက်တော့နော်!!"

တံခါးပေါက်ရောက်သည်အထိ မှာနေသော
ဟိုဆော့ကို ငါကလေးမဟုတ်ပါဘူးဟု
ဆိုလိုက်တော့ ကလေးမဟုတ်လို ပိုမှာနေရတာပေါ့လိုဆိုလာပြန်လေရဲ့။

"ကားဂရုစိုက်မောင်းအုန်း!!

ဟိုဆော့ထွက်သွားသည်နှင့် အပေါ်ထပ်အောက်ထပ်နှစ်ထပ်ရှိသည်အိမ်ကြီးဟာ
သူအတွက် ကျယ်‌လွန်းသလို တိတ်ဆိတ်လွန်းနေတာမို့ တံခါးဝနားက ဆိုဖာခုံလေးပေါ်မှာသာ ကျုံကျုံလေးထိုင်နေလိုက်မိသည်။

မနက်ဖြန် ၊ တဘက်ခါဆိုရင်ပဲ
နိုင်ငံခြားသွားရတော့မည့်သူက အခုထိစိတ်အဆင့်သင့်မဖြစ်သေးပါ။
ဘာသာစကားအခက်အခဲအတွက်ကိုစိုးရိမ်မိသလို ၊ မွေးရပ်မြေကိုလည်း မစွန့်ခွာရက်ပါ။

အဘွားရော ၊ ဟိုဆော့ရော အတူပါမယ်ဆိုပေမယ့်~~ တဦးသောသူကို ထားခဲ့ရမည်ဆိုသည်က သူကို နောက်ဆံတင်းစေသည်။

"ရူးသွားပြီထင်တယ် ကင်မ်ဆော့ဂျင်
ဂျွန်က ~~ မင်း ဖြစ်တည်မူကိုတောင် သိမှာမဟုတ်တာကို ~~  အဟင့် လွမ်းလိုက်တာ
ဂျီဂျီလေးကိုရော~~ အန်တီယွန်းကိုရော~~
ဂျွန်ကိုရော~~အဟင့်~~

အိမ်ထဲဆက်နေရင် သူပိုငိုချင်နေမှာမို့ ခြံထဲ
ဆင်းလာလိုက်ကာ မြက်ခင်းလေးပေါ် ငုတ်တုတ်လေးထိုင်နေလိုက်သလို~~
ဝမ်းနည်းချင်စိတ်ပျောက်အောင် တယောက်ထဲစကားတွေပြောနေလိုက်တော့သည်။

Same But Different ☑️ Complete Where stories live. Discover now