Part-25 {Unicode}

73 2 0
                                    

Recall.....

"ဘာလဲ ဘာကိစ္စလဲ Daddyနဲ့ပတ်သက်နေတာလား"

သွေးပျက်နေသော နေရဲ ပုံကို လရောင်မေ ကြည့်ရင်း မဲ့ပြုံးပြုံးကာ pauseလုပ်ထားသော recordingကို ဆက်ဖွင့်လိုက်လေသည်..

_____________________________

Recording ထဲမှ Jun ပြောပြနေသော အကြောင်းအရာများ​သည် နေရဲ အား အမှန်တကယ်သွေးပျက်သွားစေခဲ့သည်.. ​မျက်လုံးအိမ်မှမဖိတ်ခေါ်ဘဲရောက်လာသောမျက်ရည်များနှင့် တစ်စုံတစ်ယောက်သောသူအတွက် နာကျင်မှု.... ခြေနှစ်ချောင်းမှာလည်း မတ်မတ်မရပ်နိုင်တော့ဘဲ ယိုင်လဲကျသွားတော့သည်.....

<< Flashback to 2011. >>

"မင်္ဂလာပါ ပါမောက္ခ..ကျနော့်ကို ခေါ်တယ်ဆိုလို့ပါ"
ဦးဇွဲသူရိန် တစ်ယောက် ပါမောက္ခဦးရဲဇေယျာ ၏ ရုံးခန်းထဲသို့ရောက်နေခြင်း...

"ဟုတ်ကဲ့..ထိုင်ပါ ဆရာဇွဲသူရိန်.."
တံခါးဝ ညာဘက်ခြမ်းရှိ ဆက်တီခုံများဘက်ညွှန်ပြကာ ဦးရဲဇေယျာ ဧည့်ဝတ်ပြုလိုက်လေသည်..

"ကျနော် ဆရာ့ကို အကူညီလေးတောင်းစရာရှိလို့ပါ.."

"ဟုတ်ကဲ့"

"မနက်ဖြန် ပြည်တက္ကသိုလ်က Botany ပါမောက္ခနဲ့ စာတမ်းကိစ္စ ဆွေးနွေးစရာရှိတာ ဦးဇွဲသူရိန် ကိုလွှတ်လို့ရမလား လို့ပါ..သူတို့ကလည်း ကိုယ့်တက္ကသိုလ်က ဆရာတစ်ယောက်နဲ့သေချာဆွေးနွေးချင်တယ်လို့တောင်းဆိုလာတော့ ဘာသာရပ်တူတဲ့ ဆရာ့ကို ကျနော်အကူညီတောင်းရတာပါ.."

"အာ...ဟိုလေ..ဖြစ်ပါ့မလား ပါမောက္ခ.."

"ဖြစ်ပါတယ်ဗျာ..ဆရာက အရည်အချင်းရှိပြီးသားပဲ..သွားရင် ကျနော် ကားစီစဥ်ပေးလိုက်မယ်နော် တခြားဘာမှစိတ်မပူနဲ့.."

ဦးရဲဇေယျာ က ပြုံး၍ ပြောလိုက်သည်..

သို့သော် ထိုအပြုံး၏နောက်ကွယ်ကအဓိပ္ပာယ်ကိုတော့ ဦးဇွဲသူရိန် သိလိမ့်မည်မဟုတ်...

"ဟုတ်ကဲ့ပါ...ကျနော်သွားလိုက်ပါ့မယ်"

"ကောင်းပါပြီဗျာ.."

ဦးဇွဲသူရိန် ရုံးခန်းထဲက ထွက်သွားပြီးနောက် ဦးရဲဇေယျာ က  ဖုန်းနံပါတ်တစ်ခုကိုခေါ်လိုက်ကာ ...

သူပိုင်ဆိုင်သော ကျနော့်နှလုံးသားWhere stories live. Discover now