"morning! ငါ့ကောင်ကြီး..မနေ့ကစေ့စပ်ပွဲ အဆင်ပြေပြေပြီးသွားရဲ့လား "
ရုံးခန်းထဲဝင်လာတည်းက နှုတ်ဆက်ပုံအချိုးမကျသော ရှိုင်းအား နေရဲ မျက်မှောင်ကြုံ့ကြည့်လိုက်ကာ
"ပွဲမပျက်သွားဘဲ အဆင်ပြေပြေပြီးသွားလို့ကိုစိတ်ညစ်နေတာ..လာရင်းကိစ္စသာပြော"
"productအသစ်မိတ်ဆက်ပွဲလေ..ငါတို့ရက်နည်းနည်းရွှေ့ရမလား လို့ အဲ့ကိစ္စတိုင်ပင်မလို့"
"ဒီတစ်ခေါက် ကုန်ကြမ်းပစ္စည်းသင်္ဘောပင်လယ်ထဲမှောက်သွားတော့ ငါတို့ ကုန်ကြမ်းတွေထပ်မှာထားပြီးပြီမလား"
"အေးလေ..အဲ့တာကြောင့် productက သတ်မှတ်ထားတဲ့ရက်ထပ်တော့ နည်းနည်းနောက်ကျမှပြီးမှာမို့ Productအသစ်မိတ်ဆက်ပွဲကိုလည်း ရက်ရွှေ့ရမှာပေါ့"
"okok..ငါ စက်ရုံဘက်ကိုတစ်ချက်လှမ်း checkingလုပ်ပြီး အခြေအနေကြည့်ဆုံးဖြတ်ပေးမယ်လေ အတတ်နိုင်ဆုံးအမီလုပ်ဖို့တော့ ပြောရမှာပေါ့"
ရှိုင်းနှင့်နေရဲ အလုပ်ကိစ္စဆွေးနွေးနေစဥ်...
*Knock knock*
တံခါးနှစ်ချက်ဆင့်ခေါက်သံကြားပြီးနောက် နေရဲ၏ ဝင်ခွင့်ပြုသံကို စောင့်ဆိုင်းခြင်းမရှိဘဲ ဝင်လာသူက..ဦးအဂ္ဂ နှင့် လရောင်မေ...
နေရဲ ထိုနှစ်ယောက်ကိုမြင်တော့ သက်ပြင်းချမိသည်..
*ဘာတွေလာရှုပ်ဦးမလို့လဲကွာ..*
ရှိုင်း ကတော့ ရုံးခန်းထဲဝင်လာသော ဦးအဂ္ဂ နှင့်လရောင်မေ အားတစ်ချက်ပြုံးပြပြီးနောက်...
"ဦးအဂ္ဂ ဒီနေ့ အစည်းအဝေးမရှိဘဲ Companyကို ဘယ်လိုလုပ်...." ရှိုင်းက အမေးစကားစလိုက်သည်...
"ဟားဟား ဦးလေးက ဒီကို အစည်းအဝေးရှိမှလာရမှာတဲ့လား.." ရှိုင်း ၏ အမေးစကားကို ဦးအဂ္ဂက ခနဲ့သလိုပြန်ဖြေလိုက်ကာ နေရဲဘက်လှည့်၍
"လရောင်လေးကို ဒီမှာ အတွင်းရေးမှူးအဖြစ် ခန့်အပ်ပေးဖို့ မောင်နေရဲ ကို လာပြောတာပါ..ကိုရဲဇေယျာ လည်း အဲ့ကိစ္စကို သဘောတူတယ် မင်းတို့လူငယ်ချင်းလည်း အနေနီးတော့ပိုပြီးအဆင်ပြေတာပေါ့ မဟုတ်ဘူးလား"
YOU ARE READING
သူပိုင်ဆိုင်သော ကျနော့်နှလုံးသား
Teen Fictionကျနော့်အတွက်မရှိမဖြစ်အလိုအပ်ဆုံးသောသူက ထိုလူတစ်ဦးတည်းသာ......