Part_12(Uni: & ZG)

2.3K 107 45
                                    

🔔🔔🔔 Unicode 🔔🔔🔔

"နေ ငါတို့ဘာလိုလိုနဲ့ စာမေးပွဲကြီးတောင်နီးလာပြီနော်.."

ဇွဲလေး စကားကိုကြားသော နေရဲက အံ့ြသသောအမူအရာဖြင့်..

"Woww..စာမေးပွဲကြီးနီးလာတာ မင်းသိသေးတယ်ပေါ့..Congratulationပါကွာ.."

နေရဲစကားကြောင့် ဇွဲလေး တစ်ချက် နင် သွားကာ..

"ငါအဲ့လောက်တော့သိပါတယ်ကွ..စာမရသေးတာလေးတစ်ခုပဲ.."

"စာမရသေးရင် စာကျက်လေ..မရသေးဘူး ထိုင်အော်နေရုံနဲ့ ဖြစ်မလား.."

ထိုအခါ ဇွဲလေး မျက်နှာလေး တစ်ချက်ငယ်သွားကာ..
"မင်းကရနေပြီပေါ့နော်"

"Omm.ဒီနေ့ အိမ်ပြန်ရောက်ရင် Revisionဒုတိယတစ်ခေါက်စမှာ.."

ထိုစကားကြားတော့ ဇွဲလေး မျက်နှာကြီးပုပ်သိုးသွားကာ.

"၉တန်းဆို positionအလိုက်အခန်းတွေစခွဲပြီ.ဒီပုံနဲ့ဆ်ို ငါမင်းနဲ့အခန်းတူတော့မှာမဟုတ်ဘူး"

ဇွဲလေး စကားကိုကြားတော့ နေရဲ စိတ်မကောင်းဖြစ်သွားသည်..ဟုတ်တော့လည်းဟုတ်သည်.ဇွဲလေးမှာ စာမညံ့သော်လည်း အရမ်းတော်လွန်းသည့်ထဲတွင်လည်းမပါ..ဇွဲလေးမှာကြိုးစားရင်ရသော်လည်း သူကိုယ်တိုင်က စာဆ်ိုသိပ်အာရုံမလာ..ကျန်တာတော့အကုန်စိတ်၀င်စားသည်..

"မင်းလည်းငါနဲ့အခန်းတူချင်ရင် အခုတည်းက စာလုပ်ပေါ့ကွာ.."

နေရဲ စကားကိုကြားတော့ ဇွဲလေး မျက်နှာငယ်လေးနှင့် နှုတ်ခမ်းကြီး စူကာ

"နေ ကလည်းကွာ ငါနဲ့အခန်းတူအောင် နည်းနည်းလျှော့ဖြေခဲ့ပါလား..နော်..နော်."

စာဖတ်နေသော နေရဲ လက်မောင်းကိုကိုင်ရမ်းကာ ကလေးတစ်ယောက်ကဲ့သို့ ဂျီတိုက်နေလေသည်..

*ငါ့ကို အသည်းယားအောင်မလုပ်ပါနဲ့ကွာ..*နေရဲစိတ်ထဲက ပြောလိုက်သောစကား...

အပြင်တွင်တော့ မျက်နှာကြီးတည်လျက်

"ကလေးလိုချွဲမနေနဲ့တော့ စာအုပ်ထုတ်တော့ မြန်မာစာဆရာမ လာတော့မယ်.."

"ဟွန့်.." ဇွဲလေး နေရဲအားမျက်စောင်းထိုးကာ လွယ်အိတ်ထဲက တွန့်ကြေနေသော ပုံနှိပ်စာအုပ်ကိုဆွဲထုတ်လိုက်သည်....

သူပိုင်ဆိုင်သော ကျနော့်နှလုံးသားWhere stories live. Discover now