Part-18{Zawgyi}

1.1K 27 0
                                    

*Ring Ring~~*

ရုတ်တရက်မြည်လာသော ဖုန်းသံကြောင့် လရောင်မေ သောက်လက်စ ဝိုင်ခွက်ကို ချထားလိုက်ကာ ဖုန်းကိုင်လိုက်သည်...

"Omm..Junပြော..ငါစုံစမ်းခိုင်းထားတဲ့ကိစ္စသိရပြီလား"

"သိရပြီ.."

"အဲ့တာဆို ငါတို့ဆုံနေကျ barကိုလာခဲ့လိုက်..ငါအခုအဲ့မှာရှိတယ်."

"Ok..aww..ဒါနဲ့ ဆေးတွေထပ်ရောက်တယ်..မင်း ယူဉီးမလား"

"ယူခဲ့လေ..ငါလည်းအခုတလော စိတ်တွေရှုပ်လို့သုံးတာတွေများနေတာ ကုန်တော့မယ်.."

"ကောင်းပြီ..ငါ၁၅ မိနစ်အတွင်းရောက်အောင်လာခဲ့မယ်..see you.."

တစ်ဖက်မှ ဖုန်းချသွားတော့ လရောင်မေလည်း ပိုက်ဆံအိပ်ထဲက ဆေးဘူးအဖြူလေးကို ထုတ်လိုက်သည်..နောက်ဆုံးလက်ကျန် ဆေး၁လုံးကို ဝိုင်ခွက်ထဲ ထည့်လိုက်ကာ ဝိုင်ကို တစ်ချီတည်းမော့သောက်ချလိုက်တော့သည်....

-ကိုကို က ငါ့အတွက်ပဲဖြစ်စေရမယ်- စိတ်ထဲမှာလည်း ထိုစကားကို အကြိမ်ကြိမ်ကြုံးဝါးရင်း......

မကြာခင်မှာပဲ Junဆိုသူ barကို ရောက်လာလေသည်..

လရောင်မေ ထိုင်နေသော နေရာက အလင်းဘက်ထဲရောက်နေတာမို့ အမှောင်ရိပ်ကျသော ဝိုင်းကို ရွှေ့လိုက်ကြသည်..

"ရော့..ဒီမှာ မင်းမှာတဲ့ဆေး.." Junက ပြောရင်း လရောင်မေ လက်ထဲ ဆေးဘူးအဖြူလေး၁ဘူးနှင့် စီးကရက်ဘူးတစ်ဘူးထည့်ပေးလိုက်သည်..

"ဟင်..ဒီတခေါက် ဆေးပြားက ၁ဘူးပဲရတာလား.."

"ဟုတ်တယ်..ဒီတစ်ခေါက် သယ်လာတာ  နယ်စပ်မှာ ကားတစ်စီး အဖမ်းခံလိုက်ရလို့လေ..ဒီဟာတွေတောင် မနည်းရှောင်တိမ်းပြီးယူလာရတာ..ခေါင်းဆောင်လည်း စိတ်တိုနေတယ်..မင်းDaddyလည်းဒီတခါ အချီကြီးဆိုပြီးရင်းနှီးထားတာ တော်တော်ထိသွားမှာပဲ"

"သြော်..Daddyအတွက် ဒီလောက်ကအေးဆေးပါ...ငါ ဆေးတွေသုံးနေတာ Daddyမသိစေနဲ့..မင်းတို့ခေါင်းဆောင်ရော သိလား"

"ခေါင်းဆောင်လည်း မသိဘူး..ငါ နှုတ်လုံတာမင်းသိမှာပါ..ဒါပေမယ့် Give and Takeဆိုတာရှိတယ်နော်"

သူပိုင်ဆိုင်သော ကျနော့်နှလုံးသားWhere stories live. Discover now