Part-11{Uni: & ZG}

2.3K 91 14
                                    

     🔔🔔🔔{Unicode}🔔🔔🔔

"ဦးလေးရဲ နေရဲရှိလားဟင်.."

"ရှိတယ် သားဇွဲ..ဘာလို့လဲ.."

"ဟိုလေ..သား စာနားမလည်တာလေးမေးချင်လို့ပါ.."

"သြော်..လာ သားဇွဲ..နေရဲက ရေချိုးနေတယ်..သူ့အခန်းမှာ ခဏဝင်စောင့်နေလိုက်နော်.."

"ဟုတ်ကဲ့.."

ဇွဲလေး နေရဲအခန်းထဲသို့ဝင်ကာ ကုတင်ပေါ်တွင် ထိုင်စောင့်နေလိုက်သည်.. ကုတင်ဘေးက စားပွဲခုံလေးပေါ်တွင်တော့ ပါးဖောင်းဖောင်းလေးနှင့်ကောင်လေးရယ် ၊ တည်ငြိမ်သောအပြုံးနှင့်ကောင်လေးရယ် တစ်ယောက်ကိုယ်တစ်ယောက်မျက်နှာချင်းဆိုင်ကြည့်ကာ ရိုက်ထားသော Photoလေးကို Frameလှလှလေးထဲထည့်ကာ Photo stanလေးနှင့်သေချာထောင်ထားလေသည်...

ထိုPhotoလေးကို ဇွဲလေးယူကြည့်ရင်းပြုံးလိုက်သည်...

မင်းက ငါ့ဘ၀ထဲမှာရှိတဲ့ တန်ဖိုးအရှိဆုံးနဲ့အယုံကြည်ရဆုံး လူသားတွေထဲကတစ်ယောက်ပါ နေ...

ဇွဲလေး ဓာတ်ပုံလေးကိုကြည့်၍ပြုံးနေတုန်း နေရဲ ရေချိုးပြီး၍အခန်းထဲဝင်လာလေသည်...

ခေါင်းလျှော်ထား၍စိုနေသောဆံပင်များကို အမွေးပွပုဝါနှင့် ဖွသုတ်လိုက်သောအခါ ခပ်ဖွာဖွာဆံပင်တို့က နှဖူးပေါ်ဝဲကျလျက်...

အပေါ်ပိုင်းဗလာနှင့် ရေလဲပုဆိုးသာဝတ်ထားသော နေရဲ ၏ခန္ဓာကိုယ်မှာSix Packများရှိမနေသော်လည်း ခန္ဓာကိုယ်မှာကျစ်လျစ်၍အချိုးအစားကျလှသည်.. အရပ်ရှည်ရှည် ဖြူဝင်းသောအသားအရည်နှင့် ၁၄နှစ်အရွယ် လူပျိုပေါက် နေရဲပိုင်ဇေမှာ ကလေးဆန်သော ဇွဲလေး နှင့်ခြားနားစွာ ယောက်ျားပီသမှုများ ထင်ဟပ်နေလေသည်..

ထို့ကြောင့် ကျောင်းတွင်လည်း နေရဲပိုင်ဇေ ဆိုလျှင် ရွယ်တူနှင့် အထက်တန်းမှ မမများကြားမသိသူမရှိ..အရမ်းpopularဖြစ်သူတစ်ယောက်...

ဇွဲလေး မှာ နေရဲနှင့်ယှဉ်ပြောလို့ရသည့်အရာဆို၍ အသားအရေသာရှိသည်...
နေရဲ နှင့်အသက်အရွယ် အတူတူဖြစ်သော်လည်း ဇွဲလေးမှာ နေရဲ နှင့်ယှဉ်လျှင် အရပ်အမောင်းက နေရဲ ပခုံးလောက်သာရှိသည်..
မလိုအပ်ဘဲဖောင်းနေသောပါး၂ဖက်နှင့် ကလေးဆန်သောမျက်နှာကြောင့် ၁၄နှစ်ဟုမထင်ရ....

သူပိုင်ဆိုင်သော ကျနော့်နှလုံးသားWhere stories live. Discover now