Part_13(ZG: & Uni:)

2.3K 113 21
                                    

🔔🔔🔔 ZawGyi Font 🔔🔔🔔

Part-9 Recall...

"ဟင်!! နေ...."

စူးစူးရှရှစိုက်ကြည့်တတ်တဲ့မျက်ဝန်းတွေ ၊ ပုံမှန်အချိန်တွေမှာတောက်အမြဲတွန့်ချိုးထားတတ်တဲ့မျက်ခုံးတစ်စုံ ၊ သူအရင်အတိုင်းပါပဲ..

ကျနော့်အပေါ်မှာထားခဲ့တဲ့ သူ့ရဲ့မုန်းတီး စိတ်တွေကရော အရင်အတိုင်းရှိနေတုန်းလား...

သူ့ကိုချစ်ခဲ့တဲ့ ကျနော့်ရဲ့နှလုံးသားကရော ပြောင်းလဲသွားပြီလား..
ကျနော်ကိုယ်တိုင်တောင် သေချာမသိတော့ပါဘူး....

~°~°~°~°~°~°~°~°~°~°~°~°~°

"နေ..မင်း နေရဲပိုင်ဇေ မဟုတ်လား.."

ဇွဲလေး အံ့သြမှုတို့ကြောင့် ကြောင်အ နေပြီးမှ ထပ်မေးမိသည်...

မတွေ့ရတာ ၈နှစ်ရှိပြီဖြစ်ပေမယ့် အကြည့်တွေကအစ မပြောင်းလဲတဲ့သူ့ကို ကျနော် မှတ်မိပါတယ်...

.သေချာတာပေါ့ သူက တစ်ချိန်က ကျနော့်ရဲ့ နေ....

မဟုတ်သေးဘူး..သူက ကျနော့်ကိုရက်ရက်စက်စက်မုန်းတီးနေတဲ့ သူ..
ကတိပေးပြီးကတိမတည်ခဲ့တဲ့ သူ...

အခုထိ မင်း ငါ့ကို မုန်းနေတုန်းပဲလား..နေ

"နေ..မင်း ငါ့ကိုမမှတ်မိတော့ဘူးလား.."
ကျနော်ကသာ မေးခွန်းတွေ တရစပ် မေးမိနေတာ..သူကတော့ အသက်မပါတဲ့ မျက်ဝန်းတွေနဲ့ ကျနော့်ကို စိုက်ကြည့်နေတုန်းပဲ...

ဒါက ဘယ်လိုအဓိပ္ပါယ်လဲ..သူ ကျနော့် ကို မမှတ်မိတာလား..
မုန်းနေသေးတာလား...
အခန်းအတွင်း အချိန်အတော်ကြာ တိတ်ဆိတ်နေလေသည်..
ိထို့နောက်မှ...

"ဇွဲသူရိယ..လချုပ်စာရင်းလာတင်ပြတာမဟုတ်လား.."

"နေ..မင်း မင်း ငါ့ကို မှတ်မိတယ်ပေါ့နော်.."

ဇွဲလေး အမေးကို နေရဲ ဘာမှမတုံ့ပြန်မိ...

"............."

"မင်း ငါ့ကို မုန်းနေတုန်းပဲလား နေ..."

"ငါ့တို့ အခုက အလုပ်ချိန်ဖြစ်လို့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေမပြောဘဲနေရအောင်..ပြီးတော့ ငါက မင်းအလုပ်ရှင်ဖြစ်လို့ ငါ့ကို CEOလို့ပဲခေါ်ပါ..ခုချိန်မှာ မင်းက ငါ့Companyက ဝန်ထမ်းပဲ..
အလုပ်ချိန်အတွင်း တခြားအကြောင်းအရာတွေမပြောပါနဲ့..သွားလို့ရပါပြီ"

သူပိုင်ဆိုင်သော ကျနော့်နှလုံးသားWhere stories live. Discover now