🔔ZawGyi Font🔔
#Flashback•_•
Year 2008..
ပဲခူးတက္ကသိုလ်၏ ကထိက ၊ ပါမောက္ခများနေရာ ဝန်ထမ်းအိမ်ယာဝန်း
..."ဖေကြီး သားသား အရှေ့နားကသစ်ပင်အောက်မှာသွားကစားဦးမယ်.."
ဘောလုံးလေးလက်ထဲပိုက်ကာ ခွင့်တောင်းလာသော သားလေးအား ဦးဇွဲသူရိန်ပြုံး၍ကြည့်ကာ..."အေးအေး..သားဇွဲ အဝေးကြီးတွေမသွားဆော့နဲ့နော်..ညနေစောင်းနေပြီ.."
အဖေ့ထံမှ ခွင့်ပြုသံအဆုံး ၁၂နှစ်အရွယ် ဇွဲသူရိယ တစ်ယောက် ဘောလုံးလေးပိုက်ကာအပြေးထွက်ဆော့လေသည်...ဇွဲသူရိယ မှာ၁၂နှစ်ရှိပြီဖြစ်သော်လည်း အလယ်တန်းကလေးတစ်ယောက်နှင့်မတူ..မူလတန်းကလေးအရွယ်သာသာ ခန္ဓာကိုယ်လုံးလုံးသေးသေးလေးနှင့် ချစ်စရာကောင်းလေသည်...
မိတဆိုးလေးဖြစ်ရှာသော ဇွဲသူရိယ အား ဦးဇွဲသူရိန်ကအလိုလိုက်ထားသောကြောင့် ခုချိန်ထိ ဖခင်ကိုချွဲကာ ကလေးစိတ်မကုန်သေးပေ။
တည်ပင်တန်းအောက်တွင် ဇွဲလေး တစ်ယောက်တည်းဘောလုံးကန်နေရင်း ဘောလုံးကို ခြေချော်ပြီးကန်မိ၍ ဘောလုံးမှာ ဟိုဘက်အခြမ်းက တစ်ထပ်တိုက်အပုလေးရှေ့ လိမ့်ဆင်းသွားလေသည်...
ဇွဲလေး ဘောလုံးနောက်ပြေးလိုက်သွားသောအခါ ဇွဲလေး ၏ဘောလုံးမှာ ထိုတိုက်ရှေ့တွင်ရပ်နေသော ကောင်လေးတစ်ယောက်၏ ခြေထောက်နားတွင်ရပ်သွားလေသည်..
ထိုကောင်လေးပုံအရ ဇွဲလေးထပ်ခေါင်းတစ်လုံးလောက်အရပ်ပိုရှည်သောကြောင့် ဇွဲလေးက မိမိထပ်ကြီးမည်အထင်နှင့်...
"ဟိုရှေ့ကကိုကြီး ကျနော့်ဘောလုံးလေး လှမ်းပစ်လိုက်ပါဗျာ.."
ဇွဲလေး ၏အပြောကိုထိုကောင်လေးကမကြားသလိုနှင့် မျက်ခုံးနှစ်ခုတံန့်ချိုးလျက် ဇွဲလေးကိုသာစိုက်ကြည့်နေလေသည်...
*ဟွန်..ငါပြောတာမကြားဘူးလားမသိဘူး နားလေးနေတာထင်တယ်* ဇွဲလေး တွေးရင်း ဘောလုံးကိုကိုယ်တိုင်သာပြေးကောက်လိုက်သည်..ပြီးနောက် ဇွဲလေးဘောလုံးကောက်ပြီးပြန်လှည့်မထွက်မီ ထိုကောင်လေးအား နှုတ်ခမ်းကြီးစူပြီးမျက်စောင်းထိုးခဲ့သေးသည်..
![](https://img.wattpad.com/cover/195755960-288-k105932.jpg)
YOU ARE READING
သူပိုင်ဆိုင်သော ကျနော့်နှလုံးသား
Teen Fictionကျနော့်အတွက်မရှိမဖြစ်အလိုအပ်ဆုံးသောသူက ထိုလူတစ်ဦးတည်းသာ......