Part-22{Zawgyi}

1.1K 30 10
                                    

"morning! ငါ့ကောင်ကြီး..မ​နေ့ကစေ့စပ်ပွဲ အဆင်ပြေပြပြေီးသွားရဲ့လား "

ရုံးခန်းထဲဝင်လာတည်းက နှုတ်ဆက်ပုံအချိုးမကျသော ရှိုင်းအား နေရဲ မျက်မှောင်ကြုံ့ကြည့်လိုက်ကာ

"ပွဲမပျက်သွားဘဲ အဆင်ပြေပြပြေီးသွားလို့ကိုစိတ်ညစ်နေတာ..လာရင်းကိစ္စသာပြော"

"productအသစ်မိတ်ဆက်ပွဲလေ..ငါတို့ရက်နည်းနည်းရွှေ့ရမလား လို့ အဲ့ကိစ္စတိုင်ပင်မလို့"

"ဒီတစ်ခေါက် ကုန်ကြမ်းပစ္စည်းသင်္ဘောပင်လယ်ထဲမှောက်သွားတော့ ငါတို့ ကုန်ကြမ်းတွေထပ်မှာထားပြီးပြီမလား"

"အေးလေ..အဲ့တာကြောင့် productက သတ်မှတ်ထားတဲ့ရက်ထပ်တော့ နည်းနည်းနောက်ကျမှပြီးမှာမို့ Productအသစ်မိတ်ဆက်ပွဲကိုလည်း ရက်ရွှေ့ရမှာပေါ့"

"okok..ငါ စက်ရုံဘက်ကိုတစ်ချက်လှမ်း checkingလုပ်ပြီး အခြေအနေကြည့်ဆုံးဖြတ်ပေးမယ်လေ အတတ်နိုင်ဆုံးအမီလုပ်ဖို့တော့ ပြောရမှာပေါ့"

ရှိုင်းနှင့်နေရဲ အလုပ်ကိစ္စဆွေးနွေးနေစဉ်...

*Knock knock*
တံခါးနှစ်ချက်ဆင့်ခေါက်သံကြားပြီးနောက် နေရဲ၏ ဝင်ခွင့်ပြုသံကို စောင့်ဆိုင်းခြင်းမရှိဘဲ ဝင်လာသူက..

ဉီးအဂ္ဂ နှင့် လရောင်မေ...

နေရဲ ထိုနှစ်ယောက်ကိုမြင်တော့ သက်ပြင်းချမိသည်..

*ဘာတွေလာရှုပ်ဉီးမလို့လဲကွာ..*

ရှိုင်း ကတော့ ရုံးခန်းထဲဝင်လာသော ဉီးအဂ္ဂ နှင့်လရောင်မေ အားတစ်ချက်ပြုံးပြပြီးနောက်...

"ဉီးအဂ္ဂ ဒီနေ့ အစည်းအဝေးမရှိဘဲ Companyကို ဘယ်လိုလုပ်...." ရှိုင်းက အမေးစကားစလိုက်သည်...

"ဟားဟား ဉီးလေးက ဒီကို အစည်းအဝေးရှိမှလာရမှာတဲ့လား.." ရှိုင်း ၏ အမေးစကားကို ဉီးအဂ္ဂက ခနဲ့သလိုပြန်ဖြေလိုက်ကာ နေရဲဘက်လှည့်၍

"လရောင်လေးကို ဒီမှာ အတွင်းရေးမှူးအဖြစ် ခန့်အပ်ပေးဖို့ မောင်နေရဲ ကို လာပြောတာပါ..ကိုရဲဇေယျာ လည်း အဲ့ကိစ္စကို သဘောတူတယ် မင်းတို့လူငယ်ချင်းလည်း အနေနီးတော့ပိုပြီးအဆင်ပြေတာပေါ့ မဟုတ်ဘူးလား"

သူပိုင်ဆိုင်သော ကျနော့်နှလုံးသားWhere stories live. Discover now