Part-24{Unicode}

2K 54 21
                                    

"ကိုဇွဲ ကိုဇွဲ သတင်းထူး သတင်းထူး.."

ဇွဲလေး Companyထဲတောင် မဝင်ရသေး..Companyအဝင်ဝတွင် ပိတ်ရပ်ကာ အော်နေသော ခွန်ကောင်းဆက် ကြောင့် ဇွဲလေး စိတ်ရှုပ်ရပြန်ပြီ...

"ဘာ သတင်းထူးလဲကွာ..."

"ဦးအဂ္ဂ ကို ဒီမနက် အစောပိုင်းက တရားမဝင် မူးယစ်ဆေးဝါးရောင်းဝယ်မှုနဲ့ ရဲ တွေဖမ်းသွားတယ်တဲ့...."

"ဟမ်!! " ဇွဲလေး လန့်သွားသည်...

"ဟုတ်တယ်..ပြီးတော့..ဦးအဂ္ဂက ဒီCompanyရဲ့ရှယ်ယာရှင်တစ်ဦးဆိုတော့ CEOနဲ့ဒုဥက္ကဋ္ဌ ကိုပါ ပါဝင်ပတ်သက်မှုရှိ မရှိ စစ်ဆေးမေးမြန်းကြမယ်ထင်တယ်"

-ဦးအဂ္ဂကြီး ဒီလောက် ချမ်းသာနေတာ လက်စသတ်တော့ ဒီဟာတွေကြောင့်ကိုး- ဇွဲလေး အံ့သြစွာတွေးမိသည်...

"CEOနဲ့ဒုဥက္ကဋ္ဌလည်း သတင်းစာရှင်းလင်းပွဲလုပ်မယ်လို့ကြားတယ်.."

"သတင်းစာရှင်းလင်းပွဲကဘယ်တော့လုပ်မှာတဲ့လဲ"

"ဒီမနက်၁၀နာရီတဲ့..တချို့မီဒီယာသမားတွေကတော့ ခုနတည်းကရောက်နေကြပြီ"

ခွန်ကောင်း ပြောတော့မှ ဇွဲလေး ပတ်ဝန်းကျင်ကိုတစ်ချက်အကဲခတ်ကြည့်မိသည်...
ဝန်ထမ်းကဒ်ကိုလည်ပင်းမှာဆွဲကာ ကင်မရာတဖျက်ဖျက်နှင့် channelပေါင်းစုံမှ သတင်းသမားတချို့....

"ငါတို့ကရော ဘာလုပ်ကြရမှာလဲ"

"ကိုယ့်အလုပ်ကိုယ်လုပ်ပြီးအသာနေရုံပေါ့..သူတို့ကိစ္စသူတို့ဖြေရှင်းလိမ့်မယ်..CEOနဲ့ဒုဥက္ကဋ္ဌလည်း ဒီကိစ္စကိုကောင်းကောင်းကိုင်တွယ်နိုင်မှာပါ"

ခွန်ကောင်း စကားကြောင့် ကိုရှိုင်းနှင့်နေရဲအား ဇွဲလေး စိတ်ပူသွားမိသည်....

"CEOနဲ့ဒုဥက္ကဋ္ဌ ကတော့ ဒီအမှုနဲ့မပတ်သက်လောက်ပါဘူးနော်"

"မပတ်သက်လောက်ပါဘူး..သူတို့၂ယောက်က လူကောင်းတွေပဲဟာ.."

ထိုအခါမှ ဇွဲလေး စိတ်သက်သာရာ ရသွားသည်...
-ဟုတ်သားပဲ..သူတို့၂ယောက်ကလူကောင်းတွေပဲ-
-သူတို့အဆင်ပြေလောက်မှာပါ-

"မျက်လုံးကြီးမှိတ်ပြီးဘာလုပ်နေတာလဲ..လာ အလုပ်သွားလုပ်မယ်..ဒီနေ့ အသစ်ရောက်တဲ့ ကုန်ကြမ်းတွေအတွက်စာရင်းမှတ်ရဦးမယ်"

သူပိုင်ဆိုင်သော ကျနော့်နှလုံးသားTahanan ng mga kuwento. Tumuklas ngayon