Part_14{U & ZG}

2.4K 103 26
                                    

🔔🔔🔔 Unicode 🔔🔔🔔

ဆိုင်ထဲမှ ထွက်သွားသော ဇွဲလေး ကျောပြင်ကို ငေးနေရင်း ဘေးက လရောင်မေ စကားကြောင့် နေရဲ လရောင်မေကို လှည့်ကြည့်လိုက်သည်..

"မေ တော့လေ..အဲ့ကောင်လေးကို ကြည့်လို့မရဘူး.. စောစောက ကိုကို့ ရုံးခန်းမှာတည်းက..ပုံစံကြည့်တော့Gayရုပ်နဲ့"

"မင်းဘာကိုဆိုလိုတာလဲ လရောင်မေ!!"

နေရဲ စိတ်တွေရှုပ်ထွေးနေသည့်အပြင် လရောင်မေ ၏စကားကြောင့် ရုတ်တရက် စိတ်တိုသွားကာ လေသံခပ်မာမာ နှင့်မေးလိုက်သည်..

နေရဲ ၏ အခေါ်အဝေါ်ကြောင့် လရောင်မေ က နေရဲအား မျက်မှောင်ကြုံ့ ကြည့်လိုက်သည်..

"ကိုကို မေ့ ကိုစိတ်ဆိုးနေတာလား..ဘာလို့ အခေါ်အဝေါ်တွေကအစပြောင်းသွားရတာလဲ..မေ ပြောလိုက်တဲ့စကားထဲမှာ ကိုကို့ ကိုထိခိုက်သွားတာပါလို့လား"

ထိုအခါမှ နေရဲ ငြိမ်သက်ကာ ကိုယ့်ကိုယ်ကို ပြန်ထိန်းချုပ်လိုက်သည်...
လရောင်မေ က နေရဲ တုံ့ပြန်မှုမရှိ ငြိမ်သက်နေသည်ကို အခွင့်ကောင်းယူကာ...

"ကိုကို အဲ့ကောင်လေး နဲ့ခပ်ကင်းကင်းနေပေးပါ..ခုနက ရုံးခန်းထဲမှာတည်းက အဲ့ကောင်လေး ကိုကို့ ကို ြကည့်နေတဲ့အကြည့်ကိုရော ခေါ်လိုက်တဲ့အခေါ်အဝေါ်ကိုရော မေ မကြိုက်ဘူး..ခုလည်း ကိုရှိုင်း ကိုကပ်နေပြန်ပြီ.."

"မင်းအဓိပ္ပာယ်မရှိတာတွေမပြောနဲ့..သူများအကြောင်းကို အဲ့လို ထင်ရာလျှောက်မပြောနဲ့.."

"အဟက်..ကိုကို ရိုးရောရိုးရဲ့လား..သူနဲ့ဘယ်လိုတွေပတ်သက်ခဲ့ဖူးလို့ သူ့ဘက်က နာ နေရတာလဲ.."

"တော်လောက်ပြီကွာ.မဟုတ်တာတွေပြောမနေနဲ့တော့..စားလို့ပြီးရင် ပြန်မယ်."
နေရဲ အတတ်နိုင်ဆုံး ဒေါသကိုထိန်းချုပ်ကာ လေသံခပ်အေးအေးထား၍ ပြောနေရသည်..
*အခုချိန်မှာ ကိုယ်ပေါက်ကွဲလို့မဖြစ်သေး..အလိုက်သင့်ပဲ နေရမှာပင်..*

"ကောင်းပါပြီ..ကိုကို့ ကိုယုံလိုက်မယ်..ပြီးတော့ ကိုကို သိထားဖို့က ကိုကို ဘယ်သူတွေနဲ့ဘယ်လောက်ရှုပ်ရှုပ် နောက်ဆုံးလက်ထပ်ရမှာက မေ့ ကိုပဲဆိုတာ မမေ့ပါနဲ့.."

သူပိုင်ဆိုင်သော ကျနော့်နှလုံးသားWhere stories live. Discover now